ch 4

47 7 0
                                    

CHAPTER 4

“ဟက်”

   မီးခိုးရောင် အိုင်ကွန် ပွင့်နေတာ ကို   ခဏတာ မြင်လိုက်ရမှ ကျယ်လောင်စွာ ရယ်လိုက်မိတာကို သူ သဘောပေါက်သွားခဲ့တယ်။    

‌ဒါပေမယ့်လည်း ဘာတတ်နိုင်မှာမို့ လဲ။ ရယ်ချင်လွန်းလို့ လည်ချောင်း ကနေ ထိန်းထားရတာမို့
       
.
“Return date-samaအခုရယ်လိုက်တာလား, မဟုတ်လား?”

မျှော်လင့်ထားသည့်အတိုင်းဒါရိုက်တာတစ်ယောက်အနေနဲ့ သူမက အခြေခံအားဖြင့် လင်းနို့လို နှိုးကြားနေချက်။

     
“သူ သေချာပေါက် ရယ်လိုက်တယ်!”

     ဇာတ်ညွှန်းရေးဆရာက သူ့ကိုစွပ်စွဲဖို့ မြန်မြန်ဆန်ဆန် တန်းစီလာခဲ့တယ်။

"အဖိုး မျိုးဆက်က လူကိုတောင်မှ ခုထိ  မလွှတ်ပေးသေးဘူးဆိုတော့ မင်းတို့ အဖွဲ့သားတွေရဲ့ အကြိုက်က ဘယ်လိုတောင် လား"
မြေးလေးက ကျေးဇူးဆက်တဲ့ ပုံစံလိုမျိုးလား?ကောင်းပြီဒါဆိုရင်တော့ မျှတတာပေါ့"

   ချီကျင့် ရယ်ချင်တာ ထိန်းထားရလွန်းလို့ဗိုက်တောင်အောင့်လာ သဖြင့် သူ့ကိုယ်သူ မနည်း တည်ငြိမ်အောင် ကြိုးစားလိုက်ရတယ်"

 
      

“ဟဟားဟားဟား!”

       
“Return date-samaရဲ့ စကားတွေက ထိတယ်ဟ!”

       
ဒီတစ်ကြိမ်မှာတော့ ဒါရိုက်တာရော ဇာတ်ညွှန်းရေးဆရာကရော ထိန်းမထားနိုင်ဘဲ ရယ်ကုန်ကြတယ်။

ပရိုဂျူဆာ ရဲရဲတောက်ပန်းနီလေးလည်း မျက်ရည်အဝဲသားနဲ့ပြုံးနေကာ  အနည်းငယ် ငိုထားသည့်အသံမှာ ကွဲအပ်လာလျက်။
“နင်တို့ တတွေ အရမ်း မလှောင်ကြပါနဲ့?အနည်းဆုံးတော့ အန်ကယ်ယန်က Shou အသံမဟုတ်ဘူး  Return dateနဲ့ အတူတူ သရုပ်ဆောင်ရင်တောင် ပြဿနာမရှိဘူးရယ်”

       
“ဒါဆို သူက ဘယ်လို အသံမျိုးလဲ?”

         ချီကျင့် မျက်ခုံးတစ်ဖက် ပင့်ချက် မေးလိုက်တယ်။သူရဲ့ ညာဘက်လက်မကတော့ မြှောက်တက်နေတဲ့ နှုတ်ခမ်းထောင့်စွန်းကို သပ်ချနေလျက်။

      
ရဲရဲတောက်ပန်းနီလေးက ခဏရပ်သွားပြီး သူ့ရဲ့ အဘိဓာန် ထဲကနေ အန်ကယ်ယန်ရဲ့  အသံကို ဖော်ပြနိုင်မဲ့ နာမဝိသေသနတစ်ခုကို လိုက်ရှာလို့ နေတယ်။

exclusive rights to an online voice actor Where stories live. Discover now