ch 27

32 9 0
                                    

တစ်ချိန်က သူ့ရှေ့မှာ ချထားခဲ့တာတွေက မတူညီတဲ့ ပဟေဋ္ဌိနှစ်ခုပါပဲ။

ပြီးပြည့်စုံလာတာနှင့် ဝေးကွာနေသေးပေမယ့်လည်း ပုံအပြည့်အစုံကို သူသိချင်မိခဲ့တယ်။ ၎င်းတို့ကို စုဆောင်းနေတဲ့ လုပ်ငန်းစဉ်အတွင်း မှာ အချို့နေရာများတွင် အနည်းငယ် ဆင်တူတယ်လို့ခံစားရခဲ့ ပေမယ့်လည်း သူ ၎င်းကို လေးလေးနက်နက် မစဉ်းစားခဲ့ပေ။

အခုချိန်အထိပေါ့။

အခုအချိန်မှာတော့ သူတို့ဟာ တူညီတဲ့ ပုံတစ်ပုံရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေဖြစ်ကြောင်း နောက်ဆုံးမှာတွေ့ရှိခဲ့လေတယ်။

ထိုပုံက ချက်ချင်းပင် ပြီးပြည့်စုံကာ ကြောက်စရာကောင်းလောက်အောင် ကွက်ကွက်ကွင်းကွင်း ကို မြင်ရသွားလေပြီ။ ပုံထဲကလူက ထွက်လာပြီး သူ့အနားကို လျှောက်ကာ သူ့ကမ္ဘာထဲသို့ ဝင် လာခဲ့တယ်။

ဒါပေမယ့် အဲဒီ လက်တွေ့ကမ္ဘာမှာ မိုးက တဖွဲဖွဲကျနေတော့ အရိုးတွေအထိ အေးခဲစေလျက်။

နှစ်ယောက်သား ထီးရိပ်အောက်မှာ လမ်းလျှောက်လာရင်း သူတို့ကြားက စကား အစအနမရှိ။

ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်လာတာက ပုံမှန်မဟုတ်ပဲ ရှည်လျားလှတယ်လို့ပင် ခံစားရတယ်။

ဤတိတ်ဆိတ်မှုက ၎င်းတို့ရှေ့က စိုစွတ်သောကတ္တရာကို အဆုံးမရှိဟု ထင်စေလာခဲ့တယ်။ လမ်းမများနှင့် လမ်းကြားများအကြားတွင် လေပြေတစ်ချက်ဝေ့တိုက်သွားကာ အဆုံးကို ဘယ်တော့မှ မတွေ့မြင်နိုင်ဘဲ ထိုလမ်းပေါ်တွင်သာ ထာဝစဉ် လျှောက်‌ နေရသကဲ့သို့။

အခုလို မိုးရာသီပိတ်ရက်တွေမှာ မနက်စာရောင်းတဲ့ဆိုင်တွေအပြင် ဆိုင်အများစုကိုလည်း ပိတ်ထားခဲ့တယ်။ ခုတလော စည်ကားနေသော လမ်းများ က ယခုတော့ အေးစက် နေပြီး လူဆိတ်သုဉ်းနေခဲ့တယ် ။ ရံဖန်ရံခါတွင်၊ ကား တစ်စီးနှစ်စီးက ဗွက်အိုင်များပေါ်မှ ဖြတ်ခနဲ မောင်းသွားနေတတ်တယ်။ ထို့အပြင်၊မိုးဖွဲဖွဲများက ရွာသွန်းနေကာ ထီးပေါ် သို့ ရိုက်ခတ်လာနေကာ ၎င်းမှာ သူကြားနေရတဲ့ တစ်ခုတည်းသော အသံဖြစ်တယ်။

exclusive rights to an online voice actor Where stories live. Discover now