ch 8

34 7 4
                                    

အမျိုးသားဟော်မုန်းများ ပေါက်ကွဲထွက်ခြင်း
ဆိုတဲ့ စကားလုံက ထုံချွေ့ထိုင် လိုမျိုးအသံ တွေကို ရည်ညွှန်း နေမယ်ဆိုတာ အသေအချာ။

       
ယခုကဲ့သို့ အမျိုးသမီးပရိသတ်ဦးရေ  99% ရှိတဲ့ ချန်နယ်တစ်ခုမှာ ဒီစကားလုံးတွေက သူ့နှုတ်ခမ်းဝ ကနေ ထွက်သွားပြီး နောက်မှာတော့သူ့ရဲ့ပရိသတ်တွေအားလုံးဟာ ကောင်းကင်ဘုံသို့ ပျံတက်လုနီးပါး။    

ထု့ချွေ့ထိုင်အပြင် ဒီချန်နယ်ထဲမှာ ရှိတဲ့ တစ်ဦးတည်းသော အမျိုးသားအ‌နေနဲ့ ချီကျင့်လဲ ဖိအားများစွာကို ခံစားခဲ့ရတယ်။       

အကယ်၍သာ ထုံချွေ့ထိုင်သာ အလုပ်ပြောင်းခဲ့မယ်ဆို တီဗီကြေညာ နောက်ခံစကားပြော တဲ့ အလုပ်နဲ့ အလွန်ကိုက်ညီသည်ပင်။သူ့ရဲ့ အသံအရည်အသွေးက တီဗီနဲ့ ရုပ်မြင်သံကြားဠာန မှ သတင်းကြေညာသူများရဲ့ လယ်ဗယ်အလူတူလောက် ဖြစ်နိုင်တယ်။ချီကျင့်လို ရုပ်မြင်သံကြား ဌာနမှ ဝန်ထမ်း တစ်ယောက်အနေနဲ့  ထိုသို့ အသံတွေကို နားရည်ဝနေသဖြင့်  ခုခံနိုင်စွမ်းရှိနေပြီ ဖြစ်တယ်။ဘာပဲဖြစ်ဖြစ် ထုံချွေ့ထိုင်ရဲ့အသံက ကြီးမြတ်သောနတ်ဘုရားဘွဲ့အား ထိုက်တန်တာကိုတော့ သူမငြင်းနိုင်။

       
“မင်းက return date, မဟုတ်လား?” အသံထဲ၌ အပြုံးရိပ်များ ရောနှောလိက် ထုံချွေ့ထိုင်က မေးလာခဲ့တယ်။  သူ့ လေသံက အမြင့်ဆုံးအထိ နူးညံ့သိမ်မွေ့နေကာ ဘယ် baritone voice-con မဆို ထိုအသံကို ဘယ် တော့မှ ခံနိုင်ရည်ရှိမှာမဟုတ်။

       
ချီကျင့်က လူကိုယ်တိုင်ရော အီမိုဂျီ နဲ့ပါ ယဉ်ကျေးတဲ့ အပြုံးလေးတစ်ခုနဲ့ တုံပြန်ခဲ့တယ်။သူသာ ထိုကဲ့သို့ ဖြစ်မယ်မှန်း သိခဲ့ရင် ချစ်စရာကောင်းတဲ့ ပုံစံလုပ်ခဲ့လိမ့်မှာ တောင် မဟုတ်။ထုံချွေ့ထိုင်က ကြားသွားလိမ့်မယ်လို့ သူမမျှော်လင့်ထားပဲ ယခုတော့သူ့ရဲ့ သမိုင်းမှာ အမဲစက်ကြီး ထင်သွားပြီပင်။

အချို့ပရိတ်သတ်တွေက ချီကျင့်က ထုံချွေ့ထိုင်အစား အာရိုစိုက်ခံရတာကို စိတ်ဆိုး နေကြပုံပေါ်ပြီး မက်ဆေ့များ ဆက်တိုက်ပို့ကာအော်ဟစ်ကြွေးကြော်ခဲ့ကြလျက်-ဒီကို ကြည့်ပါအုံး ထုံချွေ့ထိုင်-sama!

exclusive rights to an online voice actor Where stories live. Discover now