ch 19

43 11 2
                                    

အဆင်ပြေရဲ့လား?

ပုံမှန်အတိုင်းလူတွေကို နှုတ်ဆက်လေ့ရှိတဲ့ 'အဆင်ပြေရဲ့လား' နဲ့ မတူဘဲ စိုးရိမ်ပူပန်မှု ခံစားချက်တွေလည်း ပါရှိနေခဲ့လျက်။

သူငယ်ချင်းဟောင်းတစ်ဦးကိုနှုတ်ဆက်ခြင်းသကဲ့သို့  ထူးဆန်းနေခဲ့သော်လည်း ဒေါသ အသံ တစ်ခုမှ မတွေ့ခဲ့ရပေ။

နှလုံး လန့်သွား စေသည့်မတော်တဆမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်၊ မကြာသေးမီက သူ စိတ်ဓာတ်ကျနေခဲ့သော်လည်း သူ့အား ဆွေမျိုး မတော်စပ်သော သူစိမ်းသပ်သပ် လူတစ်ဦးမှ ဤသို့ နှုတ်ဆက်သည်ကို မြင်လိုက်၍ ရင်ထဲ၌ နွေးထွေးသွားသလို ခံစားခဲ့ရတယ်။

နွေးထွေးလွန်းလှသဖြင့် ဖျော့တော့နေသော နှုတ်ခမ်းထောင့်များကို မသိစိတ်ဖြင့် အပေါ်သို့ မြှောက်ကာ ဖျတ်ခနဲ ပြုံးလိုက်မိ လေတယ်။

"ကောင်းပါတယ်ကျေးဇူးပါ။"

ပထမအကြိမ် စာရိုက်နည်းကို သင်ယူနေတဲ့ ကလေးတစ်ယောက်လိုမျိုး သူ့လက်ချောင်းတွေနဲ့ ပြင်းပြင်းထန်ထန် စာရိုက်ရင်း မကျေမနပ်ဖြစ်နေပါတယ်။ သူ့စာပြန်တာ အရမ်းနှေး နေလို့ စိတ်မရှည်သွားမှာကို စိုးရိမ်လို့ ချီကျင့် က အဆုံးမှာ ကမန်းကတန်း ထပြောလိုက်တယ်-

  တောင်းပန်ပါတယ်  ကျွန်တော့်လက်က စာရိုက်ရတာ ခက်နေတဲ့အတွက် စာပြန်တာ နှေးခဲ့ရင် ခွင့်လွှတ် ပေးပါ။

သူပို့တော့မယ့်အချိန်မှာ ရုတ်တရက် သူ့ကိုယ်သူ ရပ်လိုက်ပြီး အတွေးတစ်ခုရသွားကာသူ့ကိုယ်ပိုင် အမှတ်တံဆိပ် အီမိုဂျီကို ထည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

ငါ့ပြန်လာမယ့်ရက်ကို မလာမမေးနဲ့- ကျွန်တော်နေကောင်းပါတယ်၊ ကျေးဇူးပါ။  ဒါပေမယ့် ကျွန်တော့်လက်ကြောင့် စာရိုက်ရ တာခက် နေတဲ့အတွက် တုံ့ပြန်မှုနှေးခဲ့ရင် ခွင့်လွှတ် ပေးပါ။ ^_^

ချီကျင့်အတွက် ထိုစာကြောင်းနှစ်ကြောင်းကို ရိုက်ရန် နှစ်မိနစ်နီးပါးကြာခဲ့လျက်။ သို့တိုင် အချို့သော အမှားများကြောင့် သူ အချို့သော အပိုင်းများကို ဖျက်ကာ ပြန်လည်ရေးရန် အခါအားလျော်စွာ ပြန်သွားခဲ့ရတယ်။ မက်ဆေ့ချ်ပို့ခဲ့လိုက်တာ သုံးမိနစ်ကျော်သွားပြီဖြစ်တယ်။

exclusive rights to an online voice actor Where stories live. Discover now