ch 24

51 10 2
                                    

ကျောက်စိမ်း လိပ်ပြာက  “စောစီးစွာအိပ်စက်ခြင်းက သင့်အရေပြားအခြေအနေကို ထိန်းသိမ်းပေးသည်” ဟူသည်အား ခိုင်မာစွာ ယုံကြည်သူတစ်ဦးဖြစ်ပုံရတယ်။ ပုံမှန်အားဖြင့် 11 နာရီကသူမ၏ကန့်သတ်ချက်ဖြစ်နေပြီပင်။ ည ၁၁း၃၀ နီးလာတာကို မြင်လိုက်ရသောအခါတွင် သူမရဲ့ နှလုံးသားက ထိတ်လန့်တုန်လှုပ်သွားခဲ့ လေပုံရတယ်။ ထိုသို့သာ ဆိုလျှင် သူမရဲ့ အသားအရေ ထိန်းသိမ်းမှု ထုတ်ကုန် တွေကို စွန့်ပစ်လိုက်သလိုဖြစ်သွားမှာကြောင့် ရုတ်ရုတ်သဲသဲ ထွက်ခွာသွားကာ အော့ဖ်လိုင်းသို့ ရောက်သွားခဲ့တယ်။

ချီကျင့် အချိန်ကို စိုက်ကြည့်လေ့ရှိကာ သူမမျက်နှာကို မက်စ် ကပ်ပြီး အစိုဓာတ်ဖြည့်ပေးတဲ့အချိန်ကို အသုံးချကာ ဒရာမာအတွက် စကားပြောဆိုခြင်းအတွက် အမှန်တကယ်အသုံးပြုသည့်အချိန်က ဆယ်မိနစ်မျှသာ။

ယခုဆိုလျှင် လမ်းဘေးရှိ အဆောက်အအုံများရဲ့ နေထိုင်သူအများစုက မီးပိတ်ပြီး အိပ်ယာဝင်နေပြီ။ အပြင်ဘက်တွင် အနက်ရောင်အမှောင်ထုသာရှိနေလျက်၊ သူ့ပြတင်းပေါက်ဘက်သို့ တိုးဝင်လာသော အလင်းတန်းအနည်းငယ်သာရှိပြီး မိုးရေစက်များကလည်း တပေါက်ပေါက်ပတ်နေခဲ့တယ်။

ချီကျင့် သမ်းဝေသွားကာ အိပ်ငိုက်ခြင်းလှိုင်းလုံးများက သူ့အပေါ် လွှမ်းခြုံသွားသလို ခံစားလိုက်ရလျက်။

QQ အက်ပ်ကို ပိတ်ပြီး အိပ်ရာမဝင်မီ နောက်ထပ် ဘလော့ဂ်စာတိုအချို့ကို ဖတ်ခါနီးတွင် စခရင်ရဲ့ အောက်ခြေညာဘက်ထောင့်၌ အကြောင်းကြားချက်တစ်ခု ထွက်ပေါ်လာခဲ့တယ်- သူ့ QQ စာတိုက်ပုံးမှာ အီးမေးလ်အသစ်တစ်ခု ရှိနေပြန်တယ်။

ပထမတော့၊ ဒီအချိန်မှာဆို သူ့ကို ဇာတ်ညွှန်းပို့နေတဲ့ ပရိုဂျူဆာ တွေဆီကလို့ ထင်ခဲ့ပေမယ့် ပေးပို့သူရဲ့ နာမည်မှာ  Geese Fly North ဆိုတဲ့ စကားလုံးသုံးလုံးပါနေမှာကို ဘယ်သူသိမှာလဲ။

သူ့ဘဝ၌ ထိတ်လန့်မှုကို ခံစားလိုက်ရတယ်။ QQ ရဲ့သတိပေးချက်စနစ်က အနည်းငယ်နှောင့်နှေးနေတာမျိုးဖြစ်နိုင်ပါသလား။

“ဒါက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်” လို့ အမည်ရတဲ့ အီးမေးလ်ကို အမြန်ဖွင့်လိုက်တာနဲ့ တခဏအတွင်းမှာပဲ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့တယ်။

exclusive rights to an online voice actor Where stories live. Discover now