ch 37

34 6 0
                                    

       
သတိပေးချက် ⚠️ ဤအခန်းတွင် လူသတ်ရန် ကြိုးပမ်းမှု၊ အလွဲသုံးစားလုပ်ပုံများနှင့် အခြားအရာများ ပါဝင်ပါသည်။ ကျေးဇူးပြု၍ ဂရုတစိုက်ဖတ်ပါ သို့မဟုတ် ၎င်း သင့်အား စိတ်မသက်မသာဖြစ်စေပါက မဖတ်ပါနဲ့။

သူ့ခြေဖဝါးအောက်က မီးခိုးရောင်လမ်းလေးအတိုင်းပဲ အိပ်မက်က ဆက်၍သွားလေတယ်။ ထိုအငှားတိုက်ခန်းက ရုတ်တရက် တစတစပြိုကွဲကာ ပြိုကျစပြုလာတယ်၊ ထို့နောက် လူသွားလမ်းတစ်လျှောက်လုံး ပြန့်ကျဲနေပြီး၊ အပိုင်းတစ်ခုစီမှာ သူ့မှတ်ဉာဏ်အပိုင်းအစတစ်ခုစီအား အမှီပြုထားလျက်

လမ်းကိုဖြတ်လျှောက်ရတာဟာ ကုန်လွန်ခဲ့တဲ့နှစ်တွေကို ဖြတ်သန်းသွားသလိုပါပဲ။

မူလတန်းကျောင်းတက်နေတဲ့ အရွယ် အရပ်ပိုရှည်လာချိန်မှာ သူ့ရှေ့က အမျိုးသမီးက ပိုပြီး ပိန်ပါး လာခဲ့တယ်။

နေရာအသစ်၊ လုံးဝရင်းနှီးမှုမရှိသောမြို့နှင့် ထပ်တူထပ်မျှ မရင်းနှီးသောရပ်ကွက်သို့ ပြောင်းရွှေ့ခဲ့ကြတယ်။ ၎င်းက မြို့ငယ်လေးရှိ အငှားတိုက်ခန်းဟောင်းမဟုတ်တော့ဘဲ အထပ်မြင့်အဆောက်အအုံတစ်ခုရှိ သေးငယ်သောတိုက်ခန်းသည။ ၎င်းကို ငှားရမ်းထားသော်လည်း၊ အိမ်ရှေ့တံခါးက သံမဏိလုံခြုံရေးတံခါးဖြစ်ကာ—အားလုံးတောက်ပပြီး အသစ်အသစ်များနှင့်—ယခင်က သံတံခါးများထက်လည်း များစွာပို၍ အကြမ်းခံလှတယ်။

သူ ကျောင်းတက်တဲ့ အရွယ်ရောက်တာနဲ့ နောက်ဆုံးတော့ အမျိုးသမီးက သူ့ကို ကျောင်းပို့ပေးဖို့ ဆန္ဒရှိလာတယ်။ ပထမဦးဆုံးအကြိမ်၊ သူမက နေအိမ်မှ ထွက်လားပြီး နေ့ခင်းကြောင်တောင်တွင် သူ့လက်ကိုထူးထူးခြားခြား ကိုင်ဆွဲထားလေတယ်။

အမျိုးသမီးထံမှ နှုတ်ဆိတ်နေဖို့ သင်ယူထားပြီးသားမို့ ထပ်ခါထပ်ခါ သတိပေးနေစရာ မလိုတော့တဲ့အတွက် သူမရဲ့ ပြောနေကျ ဂါထာကို ‌ထပ်ပြောခဲပါတယ်။

ကျောင်းက အတော် ဆူညံသောနေရာပင်- ကျောင်းတံခါးဝတွင် လူသွားလူလာ ရှုပ်ထွေးနေရာ သူ့အရွယ် ကလေးများက ပြေးလွှားခုန်ပေါက်ကာ ဆရာမကစည်းကမ်းနှင့်ထိန်းကျောင်းနေခဲ့လျက်။

exclusive rights to an online voice actor Where stories live. Discover now