ch 38

35 6 0
                                    

သတင်း မီဒီယာများ အကြား အကျယ်ပြန့်ဆုံး အယုံအကြည် နှင့် လိုက်နာမှု အရှိဆုံး စည်းကမ်းတစ်ခုမှာ သံပူနေတုန်း ပုံသွင်းခြင်းသာ။ နှောင့်နှေးပြီး အပူအေးသွားလာတာနှင့်အမျှ တန်ဖိုးအရှိဆုံး လုပ်ဆောင်ချက်ကနေ လွှင့်ပစ်ရမည့် အမှိုက်စက္ကူအပိုင်းအစတစ်ခုသာသာ ဖြစ်လာလိမ့်မယ်ပင်။

ထုံးစံအတိုင်း ချီကျင့်လည်း ထိုစည်းကမ်းအား ချိုးဖျက်မည်မဟုတ်ပေ။

ပန်းကန်များ ရှင်းပြီးသွားသည်နှင့် တစ်စက္ကန့်ပင် မဖြုန်းတီးဘဲ၊ ချီကျင့် ရှန်ယန့် ကို ချက်ချင်းပင် သူ့လက်ပ်တော့ အား ဆွဲထုတ်လိုက်ပြီး ရှေ့တွင် ထိုင်ခိုင်းလိုက်လေတယ်။

  "စာရင်းသွင်းဖို့ လိုအပ်တာက မင်းရဲ့ ကိုယ်ရေးကိုယ်တာ ID နံပါတ်နဲ့ event ID ပဲ။ ဘယ်လို အသံသွင်းချက်မှ ပေးပို့ဖို့ မလိုအပ်သေးလို့ အရင်ဆုံး စာရင်းပဲပေးသွင်းနိုင်တယ်။ ဘယ်အခန်းကဏ္ဍကို ရွေးချယ်ပြီး ဘယ်အချိန် မှတ်တမ်းတင်မလဲ ဆိုတာကတော့ စောင့်လို့ ရသေးတယ်လေ။”

ရှန်ယန့် က ကွန်ပြူတာရှေ့မှာ ထိုင်နေပေမယ့် ချီကျင့်ကတော့ရှန်ယန့် တစ်ယောက် ရုတ်တရက် ထပြီး ထွက်ပြေးမှာကို ကြောက်သလို သူ့ပခုံးပေါ်သို့တင်ထားတဲ့ လက်ကို ဆုတ်ထားဆဲ။

ချီကျင့်ရဲ့ ထို လုပ်ရပ်လေးက ရှန်ယန့်အား လွန်စွာ သဘောကျသွားစေလျက်။

“အရမ်းစိတ်မပူပါနဲ့။ ကိုယ် ပါဝင်မယ်လို့ ပြောထားတာမို့ ကိုယ့်ရဲ့ နှုတ်ကတိကို ပြန်မဖြေတာ သဘာဝပဲ။” သူက ကွန်ပြူတာဖွင့်ပြီး ချီကျင့် ပြောတဲ့အတိုင်း လုပ်လိုက်တယ်။

"ဒါပေမယ့် စိတ်တွေကပူနေတုန်းပဲ" ချီကျင့် က ပြုံးရင်း ခေါင်းခါလိုက်ကာ

"ငါကိုယ်တိုင် စာရင်းသွင်းတုန်းကထက် အခု ပိုကြောက် နေတယ်"

သူစာရင်းသွင်းသောအခါတွင်၊  ထို ထုံချွေ့ထိုင် နှင့်ယှဉ်ပြိုင်ရန် စိတ်ကူးဖြင့်ပြုလုပ်ခဲ့တာပင်။ သူ့မှာ ကြောက်စိတ်တွေရှိခဲ့ရင်တောင် စိတ်လှုပ်ရှားမှုကနေ ထွက်လာတဲ့ အပြုသဘောဆောင်တဲ့ ထိတ်လန့်မှုတွေပါပဲ။

exclusive rights to an online voice actor Where stories live. Discover now