ch 39

48 7 0
                                    

ချီကျင့် သူတစ်ချိန်ကကြည့်ဖူးသော ရုပ်ရှင်ကို ပြန်သတိရရန် အကောင်းဆုံးကြိုးစားခဲ့တယ်။

ရုပ်ရှင်အများစုတွင် ကိုယ်ပွား နှင့် နောက်ထပ် လူအစစ်တစ်ယောက် တစ်ပြိုင်နက်ပေါ်လာသောအခါ ဘယ်လိုအဆုံးသတ်မျိုး ထွက်ပေါ်လာမလဲ။

မည်သို့ပင်ဆိုစေကာမူ… ဇာတ်သိမ်းက သူ့အတွက် ဇာတ်လိုက်တစ်ဦးတည်းသာ ။ ကိုယ်ပွားသည် အမြဲတမ်းကိုယ်ပွားအဖြစ်ရှိနေရာ တကယ့်လူအစစ်ကို အစားထိုး၍မရသော်လည်း ပရိသတ်တစ်ဦးအနေဖြင့် သူဘယ်သူ့ကို ပိုသဘောကျတာလဲကို  တော့ဆုံးဖြတ်ပိုင်ခွင့်ရှိသေးပါတယ်။

အခုလည်း နောက်ကွယ်မှာ အမြဲရှိနေခဲ့တဲ့ ကိုယ်ပွားက အရိပ်အမိုးအကာတွေကနေ ထွက်သွားပြီး သူ့အတွက် စင်မြင့်ရှေ့မှာ ရပ်နေခဲ့ပြီ။ ထို့ကြောင့် စင်မြင့်ရဲ့ ကြမ်းတမ်းလှသော မီးရောင်များမှ တစ်ဖက်လူကို ကာကွယ် ပေးရန် သူ့လက်ကို ဆန့်ထုတ်လိုက်တယ်။

ချီကျင့် ရှန်ယန့် ကို အချိန်အကြာကြီး စိုက်ကြည့်ရင်း ရုတ်တရက် ရယ်မောလိုက်တယ်။ သူ့မျက်နှာပေါ်တွင် ရွှင်မြူးသောအမူအရာဖြင့် ခေါင်းယမ်းနေသော်လည်း

“ဟင့်အင်း၊ အဲဒါလိုမျိုး လုပ်စရာ မလိုပါဘူး။ဒီလို့ ငါ့ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်ကြောင့် ပါဝင်ယှဉ်ပြိုင်စရာမလိုဘူး။ငါ့ဖာသာငါ  တောင် ဒီလောက်ကလေးဆန်နေပြီကို ဒီလိုအကြောင်းပြချက်ကြောင့် မင်းအထိပါ ဆွဲမထုတ်ချင်ဘူးလေ။"

ဤသည်မှာ ရှန်ယန့် ရဲ့ အသံသရုပ် ဖော်အသက်မွေးဝမ်းကြောင်းတွင် ပထမဆုံးတရားဝင်ပြိုင်ဆိုင်မှုသာ။ ချီကျင့်ကိုယ်တိုင်အပါအဝင် ပြင်ပအကြောင်းတရားတွေကနေ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ သူလုပ်ချင်တဲ့ အခန်းကဏ္ဍတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိစေချင်ခဲ့တယ်—ဒါက ပဲ အသံသရုပ်ဖော်တာကို ပျော်စရာကောင်းခဲ့စေတာမလား။

      

“မင်းငါ့ကိုဒီလို မျိုး ပြောတာလေးနဲ့တင်ကို ငါအရမ်းပျော်နေပါပြီ။ ကျေးဇူးတင်ပါတယ်” လို့ ချီကျင့်က ပြုံးပြီး ပြောလိုက်ပါတယ်။

exclusive rights to an online voice actor Where stories live. Discover now