ch 20

56 9 0
                                    

ချီကျင့်  သူ့နားကြပ်ကို ဖြုတ်ရမှန်းမေ့သွားတယ်

ချတ်ပြတင်းပေါက် ပျောက်ကွယ်သွားသည့်အခိုက်တွင်၊ သူအား ဤသေးငယ်သော၊ အေးအေးချမ်းချမ်း ကမ္ဘာငယ်လေးထဲမှ နှင်ထုတ်ခံရပြီး ကြမ်းတမ်းပြီး သေမင်းတမန်ခန်းထဲသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရတယ်။

ညနက်သန်းခေါင်ဖြစ်နေပြီ။ ဆောင်းဦးတွင် နေ့နှင့်ည အပူချိန် ကွာခြားချက်မှာ အတော်လေး ကြီးမားသောကြောင့် သူ အနည်းငယ် တုန်နေလျက်။ အင်္ကျီအထူဝတ်ဖို့ လိုအပ်မှန်း အခုမှ သဘောပေါက်သွားပေမယ့် မကြာသေးမီက သူတို့ပြောနေကြသည့် စကားပြောနေတဲ့ အချိန်တုန်းကတော့ အေးစက်တဲ့အရိပ်အယောင်ကို သူ ရှင်းရှင်းလင်းလင်း မခံစားရပေ...

အချိန်အကြာကြီး နားကြပ်တပ်ထားလို့ သူ့နားက ပူနေတုန်းပဲ။ နားရွက်ကို  တို့လိုက်ရာ ပူနွေးနေတုန်း။

Geese Fly North နဲ့ သူရဲ့ စကားဝိုင်းက လွန်ခဲ့သော ဆယ်မိနစ်က ပြီးဆုံးသွားခဲ့ပြိီပင်။ ထို့နောက် မီးခိုးရောင် ပရိုဖိုင်ပုံအား ကြည့်ရင်း လှည့်ထွက်သွားခဲ့လျက်။ ဆယ်မိနစ်လောက်ကြာပြီးမှသာ သူ့နားကြပ်ကို ဖြုတ်ဖို့မေ့သွားမှန်း သူသိလိုက်တယ် ။ အဘယ်ကြောင့်ကိုတော့ သူမသိသော်လည်း နားကြပ်များက ထိုနွေးထွေးမှုကို ထိန်းသိမ်းထားနိုင်သည့် နည်းလမ်းအဖြစ် ခံစားခဲ့ရပုံရတယ်။

Geese Fly North က သူ့ကို နောက်ဆုံးပြောခဲ့တဲ့ စကားကတော့ "မနက်ဖြန်၊ ကျွန်တော် ဒီချိန်ပဲ အွန်လိုင်းပေါ် လာခဲ့မယ်။"

မျက်နှာကို ပါးရိုက်လိုက်တယ်- နာကျင်သွားတယ်။

သူ့ပေါင်ကို ရိုက်လိုက်တယ်-နာကျင်သွားတယ်။

ချီကျင့် သည် သူ့ကိုယ်သူ ယောင်ဝါးဝါး တွေးနေ သော်လည်း နာ‌သောကြောင့် အိပ်မက်မဟုတ်ပေ။

ဒီလိုအချိန်အတွင်းမှာ အဆင်မပြေမှုများစွာကို ကြုံတွေ့ခဲ့ရတာကြောင့်များ ဖြစ်ကောင်းဖြစ်နိုင်မလား… ဒါကြောင့် ကောင်းကင်‌ ပေါ်က နတ်ဘုရားတွေက သူ့ကို ကြင်နာစွာ ဆက်ဆံဖို့ ဆုံးဖြတ်ခဲ့ပြီး ပျော်ရွှင်စရာအချိန်အခါတွေကို ရံဖန်ရံခါ ကြုံလာရစေခဲ့တာလား။

exclusive rights to an online voice actor Where stories live. Discover now