ch 36

35 3 0
                                    

Tissue ဆောင်ထားပါ...

Trigger warning: ကလေးညှင်းပန်းနှိပ်စက်မှုများပါဝင်သည်။

       

       
မင်းရဲ့အသံကို ထောင်သောင်းပေါင်းများစွာ‌ကလူတွေကိုပါ ကြားစေချင်တယ်။


              
ဒီလိုစကားမျိုးက တစ်ယောက်ယောက်သူ့ကို လာမပြောဖူးတာမျိုးတော့မဟုတ်။

သို့ပေမယ့် ဒီလူတွေထဲမှာက၊  ‘ရှန်ယန့်’ဟူသော အစစ်အမှန် လူအား ပြောလာသော ပထမဆုံးသောလူက ချီကျင့်ပင်။

သူ့လက်ထဲက ဒိုင်ယာရီ စာအုပ်မှာ ဇာတ်ညွှန်းမဟုတ် ထို့ပြင် သူဘာဇာတ်ကောင်ကိုမှ သရုပ်ဖော်ခြင်းမဟုတ်။အရာအားလုံးအား မဖုန်းကွယ် မသွယ်ဝှက် ရေးသားထားကာ- သူ့ရဲ့ အစစ်မှန်ဆုံးသော အရာကိုသာ ရေးထားခဲ့လျက်။

ဘာပဲဖြစ်ဖြစ်ပါ၊ ချီကျင့် က သူ့အပေါ် မျှော်ထင်ထားပုံရတယ်…
       
သူ့အသံက ရပ်တန့်သွားတယ်။ပြောစရာမရှိတာမျိုး မဟုတိဘဲ ပြောဖို့ရာ အသံကြိုးတွေက အားအင်မရှိကာ ရပ်တန့်သွားသဖြင့်သာ။ ဆို့နင့်နေသကဲ့သို့ပင်။
       
ချီကျင့် ရဲ့လက်ချောင်းလေး ကုတ်ခြစ်ခဲ့ရာမှ ရှန်ယန့်က သူ့ရဲ့ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ထားခဲ့လျက်။ ထို့နောက် သူရဲ့ ဆုပ်ကိုင်မှုမှာ တဖြည်းဖြည်း တင်းမာလာပြီး ခိုင်ခံ့လာတယ်။

       
လက်ချောင်းတစ်ချောင်ထဲနှင့် ဆုပ်ကိုင်ထားလို့ နည်းနည်းရယ်ချင်စဖွယ်။ ရှန်ယန့် က တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၍ အနည်းငယ်နာသွားတာကြောင့် မျက်ခုံးများ ကျုံလိုက်ပြီးနောက် ရှန်ယန့်ကို ပြုံးပြလိုက်လေတယ်။

     
တစ်ခုခုပြောမလို့ လုပ်စဉ် သူတို့အကြည့်များဆုံသွားတဲ့အခိုက်တွင် သူ့အပြုံးမှာ ရပ်တန့်သွားခဲ့တယ်။

ရှန်ယန့်ရဲ့ အနောက်က ကြမ်းပြင်က အလင်းကြောင့် အရိပ်ကျနေကာ ရှန်ယန့်ရဲ့ အမူအယာအား မြင်နိုင်ရန် ခဲယဉ်းလှတယ်။ ချီကျင့်သိတာက ရှန်ယန့် မျက်ခုံးတွေက ကောက်ကွေးနေပြီး သူ့ မျက်လုံးတွေက တစ်ခုခုကို သည်းခံထားရသကဲ့သို့နက်မှောင်လျက်ရှိတယ်။

exclusive rights to an online voice actor Where stories live. Discover now