ch 49

105 10 1
                                    

ကြောင်အော်သံကြောင့် သူ့အိပ်ရာမှ နိုးလာရတာ ရှားပါတယ်။ တော်တော်ဆန်းတယ်လို့တောင် ခံစားရတယ်။

ရှောင်ကွေးချီရဲ့ အော်ဟစ်သံများက သူ့ နားရွက်ပေါ်တွင် သူကုတ်နေကျ အမွှေးအမျှင်များကဲ့သို့ ရှည်လျားမြင့်ကာ စဟူရှောင်လိကျယ်လောင်လှတယ်။သူ ဗိုက်ဆာနေပြီ ထင်တယ်။

သူ့စိတ်ထဲတွင် အတွေးပေါက်သွားတဲ့ အခိုက်အတန့်တွင် သူရဲ့ ဦးနှောက် က ပုံမှန်ပြန်တွေးနိုင်ပြီဖြစ်တာကို သူသဘောပေါက်လိုက်တယ်။ သူ့ခေါင်းက လေးလံနေသလို ခံစားရပြီး တုံ့ပြန်မှုတွေက အတော်လေး နှေးကွေးနေပေမယ့်လည်း အနည်းဆုံးတော့ နာကျင်မှုက သက်သာသွားပြီး သူ့ရဲ့ တွေးခေါ်မှုကို အဟန့်အတား မဖြစ် စေတော့ပါဘူး။

သူ မျက်ခုံးကြုပ်လိုက်ရကာ မျက်လုံးကို ကြိုးစားပန်းစားဖွင့်ကြည့်လိုက်တယ်။ ပထမအကြိမ်ကြိုးစားမှုတွင် သူမအောင်မြင်ခဲ့ပေ။အဖြူရောင်အလင်းတန်းများက စူးရှစေ၍ သူရဲ့မျက်လုံးများများမှာ ကျိန်းသွားကာ သိပ်မကြာပါဘူး ခဏအကြာမှာ သူ ကျင့်သားရပြီး ပုံမှန်အတိုင်း မျက်လုံးကို ဖွင့်လာနိုင်ခဲ့ပါတယ်။

      
ထို့ကြောင့် သူ ထိုနေရာတွင် ခဏမျှ ငြိမ်သက်စွာ အိပ်နေခဲ့ပြီး အချိန်အတော်ကြာပြီးနောက် မျက်လုံးကို နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်သည်။ ဒီတစ်ခါတော့ အခန်းရဲ့ မျက်နှာကျက်ကို ဘာပြဿနာမှ မရှိဘဲ မြင်လိုက်ရတယ်။

ဒါပေမယ့် သူ့မျက်လုံးရှေ့မှာ မျက်နှာကျက်က အဲဒီရက်အနည်းငယ်က သူမြင်ဖူးတဲ့ပုံစံနဲ့ မတူချေ။ မှိန်း နေရင်း၊ သူဘယ်ရောက် နေတာလဲဆိုတာ ပြန်သတိရဖို့ကြိုးစားရာ နောက်ဆုံးတော့ ဒါက သူ့အိပ်နေကျ စာကြည့်ခန်းတာမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။

အိပ်ခန်းလား?

ရှန်ယန့် လန့်သွားပြီး သူ့စိတ်တွေပါ နိုးကြားလာခဲ့ပြီ။  သူ့လက်ထဲမှာ တစ်စုံတစ်ယောက်အား ပွေ့ဖက်ထားတာကို ရုတ်တရတ် သိလိုက်ရကာမှ သူ့ခန္ဓာကိုယ်ကို အလိုလို လှုပ်ခါသွားခဲ့လျက် ။  သူ့လက်မောင်း ကို ခေါင်းအုံးထားရာ ချီကျင့်ရဲ့အနက်ရောင်ဆံပင်များမှာ သူ့ အကျီလက်ပေါ်တွင် လွတ်လွတ်လပ်လပ် ပြန့်ကျဲနေခဲ့တယ်။

exclusive rights to an online voice actor Where stories live. Discover now