ch 45

30 8 0
                                    

သူ့လက်မောင်းက ကိုက်ခဲလာစပြုလာတာနှင့်အမျှ ရာသီဥတုပြောင်းလဲတော့မည်ကို ချီကျင့် သိလိုက်တယ်။

မျှော်လင့်ထားသည့်အတိုင်း မွန်းတည့်ချိန်တွင် တိမ်ထူနေသော်လည်း ကောင်းကင် လုံးဝအုံ့မှိုင်းနေပြီး ညနေငါးနာရီအတိမှာ တိမ်မဲများက ဖုံးလွှမ်းထားခဲ့လေပြီ။ ယခုရက်ပိုင်းအတွင်း အပူချိန် ဆက်တိုက်ကျဆင်းနေပုံရတာမှာ ဆောင်းဦးမိုးရွာချင်လာတာပဲ ဖြစ်ပါလိမ့်မယ်။

ကံအားလျော်စွာ သူက ကုမ္ပဏီကားထဲတွင် အခြား အမှုထမ်းများနဲ့အတူ ထွက်ခွာလာရသောကြောင့် မိုးရွာနေသော်လည်း စိတ်ပူစရာ မလို။ ဒီနေ့အတွက် နောက်ဆုံး လျှို့ဝှက်စုံစမ်းစစ်ဆေးမှုး ပြီးတာနဲ့ သူတို့အလုပ် ပြီးသွားတဲ့အတွက် သူ့လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို အိမ်ပြန်ပို့မှာ သေချာပါတယ်။

တစ်နေကုန် ဖျားနာနေသောကြောင်တစ်ကောင်လို ဟန်ဆောင်ပေးနေရသည့် ရှောင်ကွေးချီဟာလည်းယခု  ချီကျင့် ပေါင်ပေါ်တွင် လှုပ်လှုပ်ရွရွ လဲလျောင်းနေလျက်ရှိတယ်။ ၎င်းရဲ့ကြောင်ဗီဇက ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်နိုင်သောကြောင့် ယခုအခါ ချီကျင့် မည်မျှပင်ကြိုးစားခဲ့ပါစေ၊ ကြောင်အစာတောင်မှ ၎င်းရဲ့အာရုံကို ဆွဲဆောင်နိုင်မှာမဟုတ်ပေ။ ရှောင်ကွေးချီက ၎င်းပိုင်ရှင်ရဲ့ အကျီအတွင်း၌သာ ဝင်တိုးလို၍ အိပ်ယာအဖြစ် သက်မှတ်ကာခေါင်းကိုအတွင်း၌ သာ ဝှက်ထားလိုနေတယ်။

“မင်းသူငယ်ချင်းက ကုမ္ပဏီနဲ့ ခပ်ဝေးဝေးက မြို့ဟောင်းမှာ နေတာလား။
မင်းပုံမှန်အလုပ်ပြန်လုပ်ရင် အပြန်ပြန်အလှန်လှန်သွားရတာနဲ့ အချိန်ကုန်ကုန်ဘူးလား။

  ယာဉ်မောင်းအဖြစ် တာဝန်နှစ်ဆတိုးလာသော စက်ကိရိယာလက်ထောက်က ချီကျင့် ပေးထားသည့် လိပ်စာအတိုင်း ကားကို မောင်းလာပြီး လူနေအဆောက်အအုံဟောင်းများစွာကို ကြည့်ရင်း သက်ပြင်းချကာ မှတ်ချက်ချလာလျက်။ ဒီနေရာက အေးချမ်းတယ်ဆိုတာ သေချာပေမယ့် မြို့လယ်နဲ့ ဝေးလို့  အလုပ်နေရာနဲ့ သိပ်အဆင်မပြေပေ။

ချီကျင့် အရင်အေးခဲသွားပြီးနောက် သူ့အသံက တိုးတိုးသွားပြီး "အင်း... မက်ထရိုနဲ့ ဘတ်စ်ကား နှစ်ခုစလုံးကို စီးရမယ်ဆိုရင်တော့ အဲဒီကို ရောက်ဖို့ တစ်နာရီလောက် ကြာမယ်ထင်တယ်။"

exclusive rights to an online voice actor Where stories live. Discover now