ch 30

98 17 8
                                    

သူ့ရှေ့က အနက်ရောင် သစ်ကြားပင်အသား စားပွဲပေါ်တွင် မွှေးကြိုင်သော အိမ်ချက် ဟင်းလျာများ ပန်းကန်ပြားများ ရှိနေကာ ပူနေသေးလျက်။

ပန်းကန်လုံးထဲမှာ ထမင်းလည်း အပြည့်။ စပါးစေ့တစ်ခုစီက ဝိုင်းပြီးပြည့်နေကာ စုစည်းလိုက်သောအခါတွင် ပိုပူလာတယ်။

အိမ်ဆိတဲ့ ခံစားချက်ကို အကြာကြီး မခံစားခဲ့ရပေ။

ထို့အပြင် အကြာကြီး မခံစားခဲ့ရသောအရာဟာ ဂရုစိုက်ခံရတဲ့ ခံစားချက်ပင်။

ပြီးတော့ သူ့ဘေးမှာ ထိုင်နေတဲ့လူက သူ့ကို ဂရုစိုက်ဖို့ တစ်စုံတစ်ယောက်ရှာရမယ်လို့ ပြောလာတယ်။

ဒါတွေအားလုံးက သူ့ကို ဂရုစိုက်တယ်လို့ မယူဆရရင် ဘာကို ဂရုစိုက်တာလို့ ခေါ်သင့်မလဲ။

... သူ့ရှေ့က လူကသာ သူ့ကို ဂရုစိုက် ပေးတဲ့သူ မဟုတ်ရင် ဘယ်သူက သူ့ကို ဂရုစိုက် ပေးတဲ့သူ များလဲ?

ထမင်းစား စားပွဲအထက်တွင် ချိတ်ဆွဲထားသော အဖြူရောင် မီးအိမ်က စားပွဲခုံပေါ်မှ အလင်းရောင် ဖြာထွက်နေကာ အနက်ရောင်သစ်သားပေါ်မှ ရောင်ပြန်ဟပ်ရင်း စားပွဲရဲ့ တစ်ဖက်တစ်ချက်တွင် အတူထိုင်နေသော လူနှစ်ယောက်အား ညင်သာစွာ ဝိုင်းရံထားသလို အဖြူရောင်ဖျော့ဖျော့ကို ပေးစွမ်းနေခဲ့တယ်။ တိုင်ကပ်နာရီဟောင်းက တစ်ချက်ချက်နဲ့ သူတို့ကြားက တိတ်တိတ်ဆိတ်ဆိတ်ကို တိုင်းတာနေသကဲ့သို့။

အချိန်တော်တော်ကြာပြီး ဘယ်သူမှ စကားမပြောဖြစ်။

အတော်ကြာပြီးနောက် သူဘာမှပြန်မဖြေရသေးတဲ့အတွက်၊ ရှန်ယန့်က ချီကျင့် ကိုကြည့်ဖို့ သူ့း ဖြည်းညှင်းစွာပြန်မော့ကြည့်လိုက်တယ်။ ဒါပေမယ့် သူမြင်လိုက်ရတာက သူ့ကို ထိတ်လန့်သွားစေခဲ့လျက်။

ချီကျင့် ပန်းကန်လုံးထဲရှိ ထမင်းထိပ်ဖျားကို ‌ကြည့်နေကာ လက်ထဲတွင် တူချောင်းများကို ကိုင်ထားဆဲ။ ဒါပေမယ့် အဲသလိုပဲ နေ ထားခဲ့ပြီး ထမင်းကို မကောက်လာခဲ့ပါဘူး။

သူ့လက်က ဤအနေအထားတွင် အချိန်အတော်ကြာအောင် မလှုပ်ရှားဘဲ နေရာမှထမင်းပေါ်သို့ တစ်စုံတစ်ရာ ယိုကျလာရာ၊ တစ်စက်၊ နှစ်စက်... သူ အသံမထွက်ဘဲ သူ့ပါးပြင်မှ တဖြည်းဖြည်း လှိမ့်ဆင်းလာ ထမင်းစေ့များထဲသို့ တိတ်တဆိတ် စိမ့်ဝင် ခဲ့တယ်။

exclusive rights to an online voice actor Where stories live. Discover now