Chapter 44 ကိုယ်မင်းကို အရမ်းလွမ်းတယ်
လူတိုင်းလည်း တိတ်ကျသွားပြီး ဇာတ်ကွက်လည်း တိတ်သွားခည်း
တော်တော်လေးကြာမှ စုန့်ချင်က သူ့နားသူ ဆွဲပြီး
"ငါ ထင်ယောင်ထင်မှား တစ်ခုခုကြားလိုက်ရတာလား ဘာလို့ အရှင်မင်းကြီးအသံက တစ်ခုခုမှားနေသလို ကြားလိုက်ရတာလဲ"
"မင်း နားကြားမှားတာ မဟုတ်ဘူး"
ချီယွီက သက်ပြင်းချလိုက်ပြီး
"ဒါက ဒီပုံတူကမ္ဘာရဲ့ အန္တရာယ်အရှိဆုံး အပိုင်းပဲ မင်းသားလေးတင် အတုဖြစ်နေတာမဟုတ်ဘူး ဘုရင်ကလည်း အတုပဲ အတွင်းခံဘောင်းဘီတောင်မချန်ဘူး အတုပဲ"
ဘုရင်ကလည်း အတုပဲလား
ကစားသမားတွေက သူတို့အောက်ခံဘောင်းဘီကို ဖုံးလိုက်ပြ ဘုရင်ကြီးကို ရင်လေးစွာ ကြည့်လိုက်ကြတယ်
လူတိုင်းက အချိန်အကြာကြီး အံ့သြမနေကြပေမဲ့ အခု ခံစားချက်ကတော့...သူတို့ ဥာဏ်ရည်က တကယ်ကြီး လိုက်မမှီတော့ဘူးလို့ ခံစားရတယ် အခုဖြစ်နေတာတွေကို နားမလည်တော့ဘူး သူတို့က ဘာတွေဆက်ဖြစ်မလဲပဲ လိုက်ကြည့်နေနိုင်တော့တယ်
တအားဝမ်းနည်းတာပဲ တကယ်ကို ဥာဏ်ရည်မြှင့်ပေးတဲ့ ဆေးလိုချင်တယ်
ဘုရင်က သရော်လိုက်ကာ သူ့မျက်နှာက မျက်နှာဖုံးကို ဟန်တခွဲသားနဲ့ ဆွဲချွတ်လိုက်တယ် ဘုရင်က မိန်းမဖြစ်ရုံတင်မကဘူး သူမက တော်တော်လေးလှတဲ့ မိန်းမပဲ ဖျက်နေတာဆိုလို့ မျက်လုံးနားက အရေးကြောင်းတွေကပဲ သူ့မက အသက်တော်တော်ကြီးနေပုံပေါ်ပေမဲ့ ဘယ်လိုကြောင့် ဘုရင်ပုံစံဟန်ဆောင်ပြီးနေနိုင်သလဲ မသိရဘူး
"သရုပ်မှန်က ဘယ်လိုလုပ်ပေါ်သွားတာလဲ?"လေးလံတဲ့ အဝတ်တွေကို ဖယ်ခွာပြီးတဲ့နောက်မှာ ဘုရင်အတုက ချီယွီနှင့် တခြားသူတွေရှေ့ရပ်လိုက်တယ် သူမက ပိန်သွယ်ပြီး ကျက်သရေရှိတဲ့ အမျိုးသမီးပဲ သူမက အလွန်လှတယ်
သူမက ချီယွီကို ပြုံးပြပြီး
"မင်းက အလွန်တော်တဲ့ ကစားသမားပဲ ပြီးတော့ ကြည့်လည်းကောင်းသေးတယ် ငါမင်းကို အရမ်းသဘောကျတယ် ငါမင်းကို ဒီမှာ ရှင်သန်ခွင့်ပေးပြီး လက်အောက်ငယ်သားအနေနဲ့ထားမယ် ကောင်းကောင်းစားပြီးကောင်းကောင်းဝတ်ရမယ် သူတို့လို ထပ်ပြီးတိုက်ခိုက်စရာမလိုတော့ဘူး ဘယ်လိုလဲ လုပ်ချင်လား"
YOU ARE READING
လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့
Horrorချီယွီဟာ ခြောက်ခြားဖွယ်ရာ လွတ်မြောက်ခြင်းဂိမ်းတွေကို ရှင်းလင်းဖို့ ရွေးချယ်ခံခဲ့ရတယ် သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကံကောင်းမှုတချို့ကြောင့် COPYတွေတစ်ခုပြီးတစ်ခု အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ခဲ့တယ် ဒါပေမဲ့ ဘာလို့ သူ့COPYတေွကသူများနဲ့မတူဘူးလို့...