chapter 66

208 38 0
                                    

Chapter 66
June 05, 2024
👻Chapter 66

အစစ်အမှန် မဟုတ်တဲ့ ခံစားချက်တွေ....(16)

ချူဟွိုက်က တွန့်ဆုတ်နေမိသည်။ အကြောင်းမှာ သူက နံပါတ် နှစ်ဆယ့်ခုနစ်ကို ထုတ်ပြီးသား ဖြစ်နေ၍ပင်။

သူက ပထမအလှည့်တွင် လက်ကောက်ဝတ်များကို စမ်းကြည့်ခဲ့၍ နံပါတ် နှစ်ဆယ့်ခုနစ်အပေါ် အမြင်တစ်ခုရှိသည်။

နံပါတ် နှစ်ဆယ့်ခုနစ်၏ လက်ကောက်ဝတ်တွင် မှဲ့လိုမျိုး အဖုသေးသေးလေးတစ်ခု ရှိနေသည်။ သို့သော်လည်း ကျင်းထျန်းယိလက်က ချောမွေ့ပြီး မှဲ့လုံးဝ မရှိပေ။

 

ပထမအလှည့် စမ်းသပ်မှုက ဆယ်မိနစ်သာ အချိန်ပေး၍ နံပါတ် နှစ်ဆယ့်ခုနစ်၏ လိင်အမျိုးအစားကို မသိခဲ့ရသော်လည်း ထိုမှဲ့ကိုဖြင့် စိတ်ထဲစွဲနေသည်။

အခု သွေးနံ့ပြင်းပြင်းက သူ့ကို တွန့်ဆုတ်စေသည်။

ကျင်းထျန်းယိက နာရီဝတ်လေ့ရှိတယ်....ဖြစ်နိုင်တာက ကုဗတုံးထဲက ပြိုင်ပွဲဝင်တွေရဲ့ ကိုယ်ပေါ်က ပစ္စည်းတွေကို ချွတ်ခိုင်းထားလို့များလား....ဒါကြောင့် နာရီအောက်က မှဲ့က ပေါ်လာတာလား...

တကယ်လို့ အဲ့ဒီလူက ကျင်းထျန်းယိရဲ့ ရှူးဖိနပ်ကို စီးထားရင်ရော....အဲ့ဒီသူက သရဲဖြစ်နေပြီးတော့ ပြိုင်ပွဲဝင်ဆီက အရွေးခံချင်လို့ဆိုရင် သူ့ရဲ့ သရဲအစိတ်အပိုင်းကို ဖုံးကွယ်ဖို့ ဘာမဆို လုပ်မှာပဲ....သေချာတာတစ်ခုက သွေးနံ့ကပဲ လူနဲ့သရဲကို ခွဲပေးနိုင်တာ.....

ကုဗတုံးထဲက သရဲတွေမှာ အထူးစွမ်းရည်လိုမျိုးရှိနေရင် အခြားသူကို အထင်မှားသွားအောင် သေချာပေါက် လူယောင်ဆောင်ထားမှာပဲ....ကျင်းထျန်းယိလိုမျိုးလည်း အယောင်ဆောင်ထားမှာပဲ....သွေးနံ့ထုတ်ပြတာက ဥာဏ်ကောင်းတဲ့ ရွေးချယ်မှု မဟုတ်ဘူး.... 

ဒီလိုဆို....

ချူဟွိုက်က မျက်လုံးဖွင့်လိုက်သော်လည်း အမြင်အာရုံက ပိတ်ဆို့ခံထားရ၍ ဘာမှ မမြင်ရချေ။ သူက မျက်မမြင်တစ်ယောက်လို ခံစားရသည်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now