Chapter 67
June 06, 2024
👻Chapter 67ချူကျောင်းရော ချူဟွိုက်ရော ကျွန်တော် တစ်ယောက်တည်းပဲ....
စစချင်းတွင် ချူဟွိုက်က ကံစမ်းကြည့်ရုံဖြစ်သော်လည်း အဖြေရသွားခဲ့သည်။
ဒုတိယပိုင်းတုန်းက နံပါတ်နှစ်ဆယ့်ခုနစ်ရဲ့ ထူးဆန်းတဲ့ အပြုအမူကိုပဲ စဥ်းစားကြည့်လေ....သူက တွန့်ဆုတ်ခြင်းမရှိပဲ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချခဲ့တာ....
နံပါတ် သုံးဆယ့်ငါးက တုပ်တုပ်မှုမလှုပ်လို့ ပထမအဆင့် အထိအတွေ့က အမှားကြီး ဖြစ်နေမှန်း သက်သေပြသွားခဲ့တယ်....ဒါတောင်မှ သူက နံပါတ် သုံးဆယ့်ငါးရဲ့ လက်ကောက်ဝတ်ပေါ်က နာရီကို စမ်းမိခဲ့သေးတယ်....
အကြားအာရုံက အတုဖြစ်နေတယ်ဆိုတဲ့ အကြောင်းပါ ထည့်ပေါင်းလိုက်ရင် ကျန်တဲ့ အနံ့ခံအာရုံနဲ့ အမြင်အာရုံက အမှန်လို့ ဆိုရမယ်....ဒါကြောင့် ခုနက ရခဲ့တဲ့ လတ်လတ်ဆတ်ဆတ် သွေးနံ့ကြီးက အစစ်အမှန်ပဲ....
သွေးနံ့က ရွံ့စရာကောင်းမနေဘူး.....အခြားသရဲတွေရဲ့ အနံ့နဲ့ တော်တော်လေး ကွဲနေတယ်....
လော်စပီကာက အသံတိတ်နေသော်လည်း ချူဟွိုက်က ကြောက်သလို မခံစားရပေ။
သူ ရွေးတာ မမှားနိုင်ဘူး....။ သူ့အာရုံများကို အပြည့်ပြန်မရသေး၍ အမှောင်ထဲကနေ ရလဒ်ကို တိတ်တိတ်လေး စောင့်နေလိုက်သည်။
ချူဟွိုက်၏ တိကျမြန်ဆန်သည့် ရွေးချယ်မှုကြောင့် ကျင်းထျန်းယိမှာ အံ့သြသွားရကာ ပြုံးလိုက်မိသည်။
ချူဟွိုက်က သဲလွန်စတစ်ခုကို အဖြေရှာတွေ့သွားတာ ဖြစ်ရမယ်....
နောက်ဆုံးတွင် လော်စပီကာမှ အသံအက်အက် ထွက်လာသည် " ပြိုင်ပွဲဝင် ချူကျောင်းက လူသားတစ်ယောက်ကို မှန်မှန်ကန်ကန် ရွေးချယ်မိတဲ့အတွက် ဂုဏ်ပြုပေးပါတယ်...."
ချူဟွိုက်က စိတ်မရှည်သလို ကြားဖြတ်ပြောလိုက်သည် " ကျင်းထျန်းယိလို့ပဲ ပြောလိုက်စမ်းပါ...."
“ကိုယ်ပါ....." ကျင်းထျန်းယိက ထွက်လာရင်း လော်စပီကာအစား အပြုံးလေးနှင့် ပြန်ဖြေပေးလာသည်။
YOU ARE READING
စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ်
Horrorချူဟွိုက် + ကျင်းထျန်းယိ Description 💥 ချူဟွိုက်သည် ဝိဥာဥ်တစ်ခု ပူးကပ်ခံရပြီးနောက် အားနည်း ပျက်စီးလာပြီး မကြာမီ သေသွားခဲ့သည်။ သူသည် ထိတ်လန့်ဖွယ် ကမ္ဘာကြီးထဲ ရောက်သွားပြီး အမျိုးသမီး အဝတ်အစား ဝတ်ထားသည့် ယောက်ျားတစ်ယောက်အဖြစ် ပုံစံပြောင်းသွားခဲ့သည...