chapter 65

197 37 0
                                    

Chapter 65
June 05, 2024
👻Chapter 65

သူ့ကိုယ်သူ ထိခိုက်အောင် လုပ်လိုက်တာလား (15)....

“လိင်ပိုင်းဆိုင်ရာ ရွေးချယ်ခြင်း....လိင်တစ်မျိုးက အကျင့်စရိုက်ပေါ် မူတည်ပြီး ဆန့်ကျင်ဘက်လိင်ကို ရွေးချယ်တာမျိုးလား...."

ကျင်းထျန်းယိက ထူးဆန်းသည့် အပြုံးကြီး ပြုံးပြလာသည်။

ချူဟွိုက်က စိတ်မသန့်သလို ခံစားရ၍ အလိုလို စကားပြောင်းလိုက်သည် " လူသားတွေက ဂရုတစိုက် ဆုံးဖြတ်ပြီး အိပ်ဖော်ရွေးရမယ့် လုပ်ငန်းစဥ်ပဲ....."

ကျင်းထျန်းယိက ခေါင်းညိမ့်ပြလိုက်ပြီး ပရောဂျက်ဘုတ်ပြားကို တွေးတွေးဆဆ ကြည့်လိုက်သည်

" ဒီရွေးချယ်မှုက တော်တော်လေးကို ကျဥ်းကျပ်တာပဲ....စိတ်ဓါတ်ပိုင်းကို မကြည့်ပဲ ခန္ဓာကိုယ်ပိုင်းနဲ့ပဲ ဆုံးဖြတ်ရမှာတဲ့...."

“ရွေးချယ်တာက အကြားအမြင်ရယ် အထိအတွေ့ အနံ့အသက်တွေနဲ့ ပတ်သက်နေတာ....အမြင်က ရုပ်ရည်သွင်ပြင်...အကြားက တစ်ဖက်လူရဲ့ အသံ..အနံ့ကတော့ သူတို့ရဲ့ ရနံ့ပေါ့...."

ချူဟွိုက်က အကြမ်းဖျင်း နားလည်သွားသည်။

သူတို့ အထဲဝင်လိုက်ကြစဥ် ရုတ်တရက် မျက်လုံးတို့ ပြာဝေသွားရသည်။ မူးနောက်သွားပြီးနောက် သူတို့ရှေ့ ပေါ်လာသည့် ထူးထူးဆန်းဆန်းပုံစံနှင့် ရွေ့လျားစက်ခါးပတ်ကြီးကို ကြည့်လိုက်ရင်း အချင်းချင်း မျက်စပစ်ပြလိုက်သည်။

ချူဟွိုက်က သူရောက်နေသည့် နေရာကို မသိ၍ အမြန် လှည့်ပတ်ကြည့်မိသည်။ သူရှေ့ရှိ ကျင်းထျန်းယိ၏ မျက်နှာနှင့် ရွေ့လျားစက်ခါးပတ်မှလွဲ၍ အခြားအရာတစ်ခုမှ မမြင်ရမှန်း သိလိုက်ရသည်။ ဤနေရာက အလင်းရောင် မဝင်နိုင်သလိုမျိုး ပတ်ပတ်လည်က ပိန်းပိတ်အောင် မှောင်မည်းနေသည်။

စက်ခါးပတ်၏ အသံက ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့ဆီသို့ အရာဝတ္ထုကြီးကြီးမားမား တစ်ခုကို ပို့ပေးနေဟန်ရှိသည်။

နှစ်မိနစ်ခန့် ကြာပြီးနောက် ချူဟွိုက်က တစ်ခုခုကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရပြီဖြစ်သည်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now