"Sehun ...ပြန်လာပြီလား..."
အိမ်ထဲကိုဝင်လာတဲ့ Sehun ကို ဆီးကြိုလိုက်ကာ
လက်ထဲက အိတ်ကိုပြောင်းယူ လိုက်သည်.....
အရင်လို ပွေ့ဖက်နှူတ်ဆက်ဖို့ မျှော်လင့်ပေမယ့်
ထိုအပြုအမူသည် Ooh Sehunအတွက် ဘယ်တုန်း
ကမှ မရှိခဲ့သလို...
ပြောင်းလဲခြင်းဆိုတဲ့ သဘောတရားကို
ကျနော့်ဆီ မပို့ပါနဲ့ဦးလား Sehun ရယ်..
"သမီးရော!!!!!"
ပြန်လာတဲ့  အချိန်ဟာ ည ၁၁ နာရီ..သမီးလိုမူကြို
ကလေးတစ်ယောက်ဟာ ဒီအချိန်အိပ်ပြီပေါ့...
သူ့ရဲ့မေ့လျော့ခြင်းတွေထဲမှာ သမီးကိုပါ ထည့်လိုက်လေသလား....
"သမီးကို ကျနော်သိပ်လိုက်ပြီ...မနက်ကျောင်းသွားရမှာလေ..."
အပေါ်ထပ်ကို တက်သွားတဲ့ သူ့နောက်ကို လိုက်ရင်း
မေးစရာတွေက တစ်ပုံတစ်ပင်...Company မှာ
ဒီချိန်ကြီးထိများ အလုပ်လုပ်နေခဲ့တာလား sehun ...ကျနော့်ကို စိတ်ဆိုးနေလို့များ ဒီအချိန်ထိ အပြင်မှာနေနေတာလား...
စိတ်ဆိုးတယ်ဆိုရင်လည်း ၂လကျော်အောင်တော့ အေးစက်မနေသင့်ဘူးလေ...
ကျနော့်ကိုများ ငြီးငွေ့နေပြီလား ooh sehun ရယ်...
မေးချင်တဲ့စကားတွေကို သူစိတ်ရှူပ်မှာကြောက်လို့ မြိုသိပ်လိုက်ရသူက ကျနော် Kim Jongin ပါလေ....
Necktie ကိုချွတ်ပေးကာ အကျီလဲပေးတော့ ဝေ့ဝဲလာသည့် အမျိုးသမီးသုံး အကောင်းစားရေမွှေးနံ့ကို မသိချင်ယောင်ဆောင်ပြီး ဘာမှမဖစ်သလိုဘဲနေလိုက်သည်..
ရင်ထဲမှာ စိုးရိမ်မှူအပြည့်နဲ့ ပူလောင်နေရပေမယ့် အပြင်မှာတော့ တည်ငြိမ်စွာ နေနိုင်ခဲ့ပါပြီ..
2လကျော်ဆိုတော့ လူလည်း ခပ်ထူံထုံဖစ်နေပြီလေ...
"အိပ်နှင့်တော့နော် sehun...ကျနော်စာတွေ မပြီးသေးလို့ စာကြည့်ခန်းမှာရှိမယ်..."
YOU ARE READING
Love Story | Zawgyi + Unicode |
Fanfictionကျနော်တို့ ၂ယောက်ရဲ့ အချစ်ပုံပြင်.. SeKai Yaoi