ကျနော် နာကျင်မှူတွေနဲ့ နိုးထလာချိန်မှာ ဘေးနားမှာရှိခဲ့သူဟာ Ooh Sehun မဟုတ်ခဲ့ပါ....အဆုံးသတ်ဖို့ အချိန်တန်ပြီထင်ပါရဲ့....
"သတိရပြီလား Jongin...အန်ချင်တာတွေ မူးတာတွေရှိလား..."
"ဘာမှမဖြစ်ပါဘူး hyung...အရမ်းစိတ်မပူပါနဲ့..."
"စိတ်မပူလို့ ရမလား..မင်းသတိမေ့နေတာ ၁ရက်ကျော်ပြီ..ခေါင်းက ၆ချက်တောင်ချုပ်လိုက်ရတယ်..."
စိတ်ပူလို့ ပွစိပွစိပြောနေBaekhyun ကိုကြည့်ကာ Jongin အသာပြူံးပြလိုက်တယ်..အခုချိန်မှာ Ooh Sehun သာ baekhyun hyungလောက်ကျနော့်ကို ဂရုစိုက်ရင်လေ..
"သူလာသေးလား hyung.."
ယုံကြည်ချက်မရှိသလို ခပ်တိုးတိုးလေး မေးတဲ့ jongin ကို သနားတာကြောင့် baekhyun ဘာဖြေရမှန်းမသိ ...စိတ်ရှိတိုင်းသာလုပ်ရလျှင် Ooh Sehun ဆိုတဲ့ကောင်သေနေလောက်ပါပြီ..သိပ်ချစ်လှပါချည်ရဲ့  ဆိုပြီး သူ့ဘဝနဲ့သူအေးချမ်းနေတဲ့ ကောင်လေးကို အတင်းလက်ထပ်ယူကာ အခုချိန်ကြမှ ဆုံးဖြတ်ချက်မှားသွားခဲ့တာ ဆိုသော စကားနဲ့ ဖောက်ပြန်နေတာ ကို ဖုံးကာဖိကာ...Ooh Sehun ကသိပ်စိတ်ပျက်ဖို့ကောင်းတယ် ...
"သူမလာဘူးမလား...hyung..."
နှူတ်ဆိတ်နေတဲ့ baekhyun ကြောင့် jongin သဘောပေါက်သွားသည် ထင်ပါ့ ...နာနာကျင်ကျင်လေး ပြူံးရင်းပြောတယ်...
"သူတကယ်မလာခဲ့ဘူး....မျှော်လင့်မိတဲ့  ကျနော်ကိုက ရူးတာပါလေ..."
တွေးတွေးဆဆလေးပြောရင်း မျက်ရည်ဝဲလာတဲ့ jongin ကို baekhyun ထွေးပွေ့လိုက်ကာ ...
"ဝမ်းမနည်းပါနဲ့ Jonginရယ်..မင်းဘက်မှာ hyung တစ်ယောက်လုံးရှိပါတယ်"
Baekhyun ရဲ့ ရင်ခွင်ထဲကို တိုးဝှေ့ကာ ကလေးတစ်ယောက်လို တိုင်တည်ရင်း Jongin ငိုရှာတယ်..ငယ်စဉ်ကတည်းက မိဘမေတ္တာ မရခဲ့ပေမယ့် Sehun နဲ့တွေ့ဆုံရတော့ ဘဝမှာဘာမှထပ်မလိုတော့ဘူး ဟုထင်ခဲ့ဘူးသည်..အခုတော့ Sehun ကပါသူ့ကို ပစ်ပယ်လိုက်ပြီ...
ESTÁS LEYENDO
Love Story | Zawgyi + Unicode |
Fanficကျနော်တို့ ၂ယောက်ရဲ့ အချစ်ပုံပြင်.. SeKai Yaoi