Love Story-14

10K 1K 188
                                    

Emergency Room ​ရှေ့မှာ Jongin ကတုန်​ကယင်​နဲ့ ရပ်​​နေမိတယ်​...သူ့မှာ ကမ္ဘာ​ပျက်​သ​လောက်​နီးနီးတုန်​လှူပ်​ကာ သူမတစ်​ခုခုဖြစ်​မသွားဖို့ဘဲ အသည်းအသန်​ဆု​တောင်း​နေမိတယ်​...

Sehun ကမန်းကတန်း​ပြေးဝင်​လာကာ....

"Jongin....ဘယ်​မှာလဲ...သူမဘယ်​မှာလဲ "

သွေးရူးတန်းရူးနဲ့ Sehun ပုံကို​တွေ့​တော့ Jongin ပိုပြီး​နောင်​တရမိတယ်​...Sehun က​လေး​လေးသာ တစ်​ခုခုဖစ်​သွားရင်​​လေ....

"ဟို...အခန်းထဲမှာ...Hun.."

Jongin ဆီက အ​ဖြေရတာနဲ့ Sehun ကjongin ပုခုံး​ပေါ်က လက်​​တွေကို ဖြူတ်​ချကာ အခန်းထဲ​ပြေးဝင်​သွားတယ်​...​ကျောခိုင်းသွားတဲ့ Sehun ကိုကြည့်​ကာ Jongin မျက်​နှာကို လက်​နဲ့အုပ်​ပြီး ရှို်က်​ကြီးတငင်​ငို​ကြွေး​မိတယ်​...

ဘာ​ကြောင့်​များ ကျ​နော့်​အချစ်​ဟာ နာကျင်​မှူ​တွေများဖြစ်​​နေရတာလဲ....ကျ​နော်​ Hun ဆီကဘာမှမ​မျှော်​လင့်​ဘဲ ချစ်​ခဲ့ရုံသက်​သက်​​လေးပါ....

Jongin အားတင်းရပ်​လိုက်​ကာ သူမအခန်းနားကိုရပ်​လိုက်​ရင်း မှန်​အပြင်​က​နေ ကြည့်​လိုက်​​တော့ ကုတင်​​ပေါ်မှာ လှဲ​နေတဲ့ သူမရဲ့လက်​​တွေကို Hun ကကြင်​ကြင်​နာနာနဲ့ ဆုပ်​ကိုင်​ကာ သူမနဖူး​ပေါ် အနမ်း​တွေ​ခြွေချ​နေတာ...

ကျ​နော်​ရူးသွားချင်​တယ်​ Hun...ဒီမြင်​ကွင်း...ဒီအပြုအမူ​တွေဟာ ကျ​နော့်​ရင်​ကို ​သွေးစိမ်း​ရှင်​ရှင်​ထွက်​သလို နာကျင်​​စေတယ်​...ကျ​နော်​ Hun နားကထွက်​သွားရ​တော့မှာလားဟင်​....

သူမက Hunကို​ဘာ​ပြော​နေမှန်း​တော့ မသိ​ပေမယ့်​ Hun ​ဒေါသတစ်​ကြီး ထွက်​လာကတည်းက Jongin သိလိုက်​ပါတယ်​...Hun ကျ​နော့်​ကို အထင်​လွဲ ​နေပြီဆိုတာ....

"Kim Jongin..."

Sehun က​ဒေါသတစ်​ကြီးနဲ့ Jongin ရဲ့ ​အကျီ​ကော်​လံ​တွေကို ဆူပ်​ကိုင်​လိုက်​တာ​ကြောင့်​ Jongin အသက်​ရှူပါကြပ်​သွားတယ်​....Sehun ရဲ့လက်​​တွေကို jongin ကကိုင်​လိုက်​ကာ...

"Hun...လက်​ကပြန်​​သွေးထွက်​​နေပြီ..."

Jonginကစိတ်​ပူစွာသတိ​ပေးလိုက်​​ပေမယ့်​ Sehun က ဂရုမစိုက်​ဘဲ...

Love Story  | Zawgyi + Unicode |Where stories live. Discover now