Love Story - 10 ( Unicode )

816 81 0
                                    


မနက်စောစော ပြန်လာမည်ဟုပြောခဲ့သော Hun သည် သမီးကျောင်းသွားချိန်ထိ အိမ်ကိူပြန်မရောက်လာခဲ့ပါ..

"Daddy ရော...breakfast မစားဘူးလား.."

Jonginကိုမော့ကြည့်ရင်း မေးလာသည့် သမီး အမေးကို အပြူံးတုတစ်ခုသာ လိမ်လည်လိုက်ပါသည်...

"Daddy က company မှာ meeting ရှိလို့သွားပြီ သမီးရဲ့ ...သမီးမနိုးသေးလိူ့ daddy ကသမီးကို morning kiss လေးတောင်ပေးသွားသေးတယ်..မသိလိုက်ဘူးမလား Papa အိပ်ပုတ်လေး.."

Jongin ကRahee ခေါင်းလေးကို ပုတ်လိုက်ပြီးပြောလိုက်ပေမယ့် ..Rahee က လက်ထဲက မုန့်စားနေတဲ့ ခက်ရင်းကိူ ပစ်ချလိုက်တာ အတော်အသံကျယ်သွားလေသည်...

Jongin လည်းလန့်သွားကာ...

"သမီး..ဘာလို့ငိူနေတာလဲ...Daddy ကိုစိတ်ကောက်နေတာလား..Daddy ကသမီးကို morning kiss ပေး.."

"Papa ညာတယ်.."

Jonginစကားမဆူံးခင် Rahee က ငိုပြီးအော်ပြောလိုက်တာကြောင့် Jongin အလန့်တကြားဖြစ်သွားရသည်...

"ညက Daddy ပြန်မလာဘူး...Papa လည်းမအိပ်ဘဲ တစ်ညလုံးငိုနေတယ်...Papa ....Raheeကိုလိမ်တယ်..."

Rahee ကသူ့ကို ဆုပ်ကိုင်လိူ်က်သည့် Jongin လက်တွေကို ပုတ်ထုတ်ကာ ထိူင်ခုံပေါ်ကနေဆင်းသွားလေသည်...

ဘုရားရေ...သိပ်တတ်လွန်းသည့် သမီးက ကျနော်နဲ့ hun အခြေနေကိုများသိကုန်ပြီလား...တငွေ့ငွေ့နဲ့ ဖွဲမီးလို လောင်နေခဲ့တဲ့ ကျနော်တို့ အိမ်ထောင်ရေးကြောင့် သမီးစိတ်ကို ဒဏ်ရာမဖြစ်စေချင်...

ကျနော်တစ်ယောက်ဘဲ နာကျင်ရင် လုံလောက်ပြီလေ..သမီးကိူတော့ ဘာစိတ်ဒဏ်ရာမှမဖြစ်စေချင်...

ပြေးထွက်သွားတဲ့ သမီးကိုယ်လူံး လေးကို Jongin ကပြေးဖက်လိုက်ကာ...

"သမီး...."

"Papa ...သမီးတွေ့ခဲ့တယ်..."

ရိူှက်ကြီးတငင်ငိုရင်း ဗလုံးဗထွေး နဲ့ပြောတဲ့ သမီးစကားကြောင့် Jongin ခေါင်းတွေပါချာချာလည်ကုန်သလို...သမီးဘာတွေကိုများ သိကုန်ပြီလဲ....

"Daddyကိူ....Papa မဟူတ်တဲ့ အခြားArjumaa တစ်ယောက်နဲ့ သမီးတိူ့ မူကြိူနားမှာတွေ့ခဲ့တယ်.."

Love Story  | Zawgyi + Unicode |Wo Geschichten leben. Entdecke jetzt