နှူတ်ဆိတ်စွာနဲ့ သူခေါ်ဆောင်ရာ လိုက်ခဲ့လေတော့ ရှေ့ကသွားနေသည့် သူ့ကျောပြင်ကို ဖက်တွယ်ချင်စိတ်တွေ တဖွားဖွား.....
ဟင့်အင်း...မလူပ်သင့်ဘူးလေ..Jongin တကယ်ဆို မင်းနှလူံးသားလေးကို မင်းအားနာသင့်ပါတယ်...ဆတ်ဆတ်ခါအောင်နာကျင်ခဲ့ပေမယ့် မင်းအလိုကျ Sehun ကိုတွေ့ရင် မညှာမတာ ရင်ခုန်နေတူန်း....
ရှေ့က Sehun သွားနေရင်းကနေ ခုံတန်းလေးတစ်ခုမှာ ဝင်ထိုင်လိုက်တော့မှ Jongin အသိဝင်လာ၏...Sehun ထိုင်နေတဲ့ ခူံလေးရှေ့မှာ ကြာတွေပွင့်နေတဲ့ ရေကန်ကြီး...ကန်ရေပြင်ကို ဖြတ်ပြီးတိုက်ခတ်လာတဲ့ လေကအေးမြနေသလို Sehun ထိုင်နေတဲ့ ဝက်သစ်ချပင်ကြီးရဲ့ အရိပ်ကလည်း နေပျောက်ပင်မထိုး...
ရုံးဖွင့်ရက်မို့ ပန်းခြံတစ်ခုလုံး တိတ်ဆိတ်လို့....ဒီပန်းခြံ...ဒီနေရာ...ဒီအပင်...ဒီရေကန်...အားလုံးဟာ ကျနော်တို့ အမှတိတရတွေ...ဘာလို့များ Sehun က ဒီနေရာကို ခေါ်လာတာလဲ...
ဧကန္တ အစကနေ ပြန်စဖို့ သူကြိုးစားနေတာများလား ဆိုသော အတွေးကြောင့် ခြေလှမ်းတွေတုန့်သွားသလို...နောက်တစ်ခေါက် ပြန်မစချင်တော့ဘူး...နာကျင်ရတဲ့ ဘဝကိုပြန်မသွားချင်တော့ဘူး...
"Nini လာလေ..."
တွေတွေကြီးရပ်နေသည့် Jongin ကို Sehun ကလှမ်းခေါ်လိုက်ကာ ဘေးနားက နေရာကိုပုတ်ပြလေသည်...Jongin သက်ပြင်းကြိတ်ချကာ ဘေးနားကို အသာဝင်ထိုင်လိုက်တော့ Sehun ဆီက..
VOUS LISEZ
Love Story | Zawgyi + Unicode |
Fanfictionကျနော်တို့ ၂ယောက်ရဲ့ အချစ်ပုံပြင်.. SeKai Yaoi