Love Story - 23 ( Unicode )

809 67 0
                                    


"ဦးလေးကြီး...တံခါးဖွင့်ပေးပါဦး.."

မိူးမလင်းသေးဘူး အိမ်ရှေ့ရောက်လာတဲ့ အဲ့ဟာလေးကြောင့် Sehun အတော်အာရုံနောက်ပါသည်...မနေ့ညက အလုပ်တွေပုံနေတာကြောင့် အိပ်ရတာ မိုးလင်းခါနီးမှ ...

အခုမှ အိပ်ပျော်ခါစရှိသေး ရောက်လာတဲ့ ထိုကောင်လေးကြောင့် စိတ်တွေလည်းရူှပ်မိပါရဲ့...Omma ဘယ်လိုဟာလေးကိူများ ရှာထားပါလိမ့်...

Sehun တံခါးဖွင့်ပေးလိုက်တော့ Luhanက သု့ကိုတွန်းတိုက်ကာ အိမ်ထဲဝင်သွားပြီး Sehun ကိုလှည့်ုကြည့်ကာ ...

"ဦးလေးကြီး ရေမြန်မြန်ချိူး ...ပြီးရင်အပြင်သွားမယ်..."

"ဘယ်သွားမှာလဲ.."

"ကျနော် ကျောင်းသွားရမှာ နောက်ကျလိမ့်မယ် ...မြန်မြန်လုပ်ပါ ဦးလေးကြီးရာ...သဘောတူထားတဲ့ ကိစ္စကိုမေ့သွားပြီလား.."

နူှတ်ခမ်းတစ်လန် ပန်းတစ်လန်နဲ့ ပြန်ရန်လုပ်နေတဲ့ ကောင်လေးကို Sehun စိတ်ပျက်စွာကြည့်ရင်း ရေချိူးဖိူ့ အခန်းထဲကို ဝင်သွားလိုက်တော့တယိ...

Nini နဲ့များတစ်ခြားစီ...ဒီဟာလေးက တစ်ချိနိလုံးပေါက်ပေါက်ဖောက်နေတာ...ဒါမျိုးက Sehun style မဟုတ်..Xiao Luhan ရဲ့. ချစ်သူကတော့ အဲ့စွာစိ ကိုဘယ်လိုသည်းခံနေသလဲတော့ Sehun မတွေးတတ်ချေ...

ရေပန်းက ကျလာတဲ့ ရေအေးတွေနဲ့ အတူ ပါးပြင်ပေါ်ကို မျက်ရည်ပူတွေကို စီးဆင်းခွင့်ပေးလိုက်သည်...

အပြငိမှာသာ ဟန်ဆောင်နေပေမယ့် Nini ကိူ လွမ်းသည့့်နှလုံးသားက ရင်ထဲမှာတစ်ဆစ်ဆစိနဲ့နာနေလိုက်တာ...

ဘယ်အချိန်ထိများ ပုန်းကွယ်နေဦးမှာလဲ Nini...

♥♥♥♥♥♥♥Love Story♥♥♥♥♥♥♥

Jongin မနက်စာစားပြီး အပြင်သွားမလို့ထွက်လာတော့ ဘာရယ်မဟုတ် ဟိုဖက်ခန်းကနေ ထွက်လာတဲ့ သူကိုကြည့်လိုက်တော့ မနေ့ကကောင်လေး..

ကောင်လေးကလည်း Jongin ကိုလှည့်ကြည့်လိူက်တော့ မျက်ဝန်းခြင်းဆုံသွားကာ ထိုကောင်လေးကပင် jongin ကိူစပြီးရီပြလေသည်...ထိုကောင်လေးရီလိုက်လို့ပေါ်လာတဲ့ အသည်းပုံနူှတ်ခမ်းလေးကို Jongin ငေးခနဲ ဖြစ်သွားတာတော့ ဝန်ခံရပါမည်...

Love Story  | Zawgyi + Unicode |Where stories live. Discover now