"Jongin , ဒီနေ့ အပန်းဖြေအိမ်ကို လာခဲ့နော်..ကိုယ်စောင့်နေမယ်.."
Massage ရောက်လို့ ဖွင့်ကြည့်လိုက်တော့ sehun ဆီက...
အပန်းဖြေအိမ်ကို ? ဒီအချိန်သွားရင်တောင် ညနေစောင်းမှရောက်တော့မည်...မနက်ကလည်း Hun က ဘာမှမပြောသွားဘူး...
Jongin မီးပူတိုက်နေသည့် အလုပ်ကို ရပ်ကာ အပြင်သွားဖို့ ပြင်ဆင်လိုက်သည်.....အပြင်ထွက်မလို့ လုပ်ပြီးကာမှ ဆေးမသောက်ရသေးတာ သတိရသည်မို့ ဆေးသာက်ပြီးမှ စိတ်ချလက်ချ ထွက်လာလိုက်တော့သည်...
Nini လို့ခေါ်တတ်တဲ့ sehun က ဘာလို့များ Jongin လို့ mass ပို့ထားတာပါလိမ့်.......
♥♥♥♥♥♥Love Story♥♥♥♥♥♥
"ငါအာမ မခံဘူး sehun..ဒါမျိုးက အခြေနေအရ ပြန်မှတ်မိသွားသလို တစ်သက်လုံးမေ့သွားတာမျိုးလည်း ဖြစ်နိုင်တယ်.."
Baekhyun စကားကြောင့် sehun ရဲ့မျှော်လင့်ချက်ဟာ ဝေဝါးဝါး....
"Jongin နားမှာ ငါ manager လုပ်ခဲ့တုန်းကလည်း မိုးရွာရင် သူကြောက်တယိ..မိုးရေထဲကို မထွက်ဘူး...ဒီလောက်ဘဲ ငါသိတယ်.."
Chanyeol ထပ်ပြောတဲ့ စကားကြောင့် sehun ဘာလုပ်ရမှန်းမသိဖြစ်နေတယ်..Baekhyun ဆေးရုံခန်းထဲမှာတော့ လူ၃ယောက်က ခေါင်းချင်းဆိုင်လို့...
"Jongin rap လုပ်ခံခဲ့ရတဲ့ ဖြစ်စဉ်က ဒီအတိုင်း ရိုးရိုး သာမန်တော့ မဖြစ်နိုင်ဘူး...ဘာလို့လဲဆိုတော့ Jongin က သူ rap လုပ်ခံခဲ့ရတာကိုတောင် မမှတ်မိဘဲ ဒီလောက်ထိ ထိတ်လန့်နေခဲ့တာ... Jongin ကဘာမှသေချာမမှတ်မိဘဲ လန့်နေခဲ့တာကြောင့် sehun နဲ့ ငါ ဒီအမှူကို ပိတ်ခဲ့ရတာ...
ပွင့်ပွင့်လင်းလင်းပြောရရင် ငါဒီကိစ္စကို ခုထိ အခဲမကျေသေးဘူး.."Sehun စိတ်ရှူပ်စွာ မျက်နှာကို လက်၂ဖက်နဲ့ ပွတ်ရင်း သက်ပြင်းချသည်....အခုထိ သူ ဘာတစ်ခွန်းမှ ဝင်မပြောရသေး...sehun ရင်ထဲ အရမ်းပူလောင်ပြီး ငိုချင်စိတ်တို့က ထိန်းမရ...
ŞİMDİ OKUDUĞUN
Love Story | Zawgyi + Unicode |
Hayran Kurguကျနော်တို့ ၂ယောက်ရဲ့ အချစ်ပုံပြင်.. SeKai Yaoi