Sehun အပန်းဖြေအိမ်ကိုရောက်တော့ တစ်အိမ်လုံးမီးခိုးတွေအူကာ မီးညွန့်တွေက ဟိူတစ်စ ဒီတစ်စ..
"မဖြစ်ဘူး!!!!....Nini!!!!!!"
Sehun ကားစက်တောင် မရပ်နိူင်ဘဲ မီးထဲကို ဝင်သွားတော့သည်...
"Nini...ဘယ်မှာလဲ....Nini!!!!"
Sehun အသံတွေ့ပြာအောင် နေအော်ပေမယ့် Jongin အသံမကြားရ....
"Nini ya...!!!!!! အဟွတ်!...ဟွတ်.."
မီးခိုးငွေ့တွေကြောင့် အသက်ရူှတွေ ကြပ်ကာ မျက်လုံးတွေပါ မွန်ထူလာသည်...ဘေးနားက အပူတွေကလည်း ဟပ်လိုက်တာ ...Sehun အပေါ် ကနေ ထပ်ဝတ်ထားတဲ့ coat ကိုချွတ်ကာ တစ်ခန်းဝင်တစ်ခန်းထွက်ရှာတော့သည်...
မီးခိုးတွေ အရမ်းအုူနေတာမို့ လူက oxygen မဝဖြစ်လာကာ မူးနောက်နောက်....ရှေ့ကိုပင် မီးခိူးတွေ များလာတာကြောင့် သေချာမမြင်ရတော့....
တဖျစ်ဖျစ်နဲ့ တောက်လောင်နေတဲ့ မီးညွန့်တွေကြောင့် sehun အသားတွေပင် ပူလာကာ နီရဲနေလေသည်...ချွေးတွေ တပြိုက်ပြိုက်ကျနေပေမယ့် Sehun ပူရကောင်းမှန်းမသိ....
"Nini...!!!!! Jonginnie..!!!"
Sehun အခန်းတံခါးရွက်တစ်ခုကို ဖွင့်ပြီး အော်လိုက်ပေမယ့် တူန့်ပြန်မူှမရှိ....လည်ချောင်းတွေပင် နာလှပြီ....နောက်တစ်ခန်းကူးမယ် ပြင်ကာမှ....
"H....u....n လား.."
ကြားနိူင်ရုံသာ ပြောလိုက်တဲ့ အသံလေးကြောင့် Sehun ဝမ်းသာ သွားကာ ထိူအခန်းထဲသိူပြေးဝင်သွားတော့သည်...
"ဝုန်း.."
တံခါးကို ပြန်ဖွင့်ပြီး ဝင်လိုက်တဲ့ အချိန်မှာဘဲ မီးစွဲနေတဲ့ ထုတ်တန်းတစ်ခုက sehun အပေါ်ကို ပြုတ်ကျလာတော့တယ်...
"Arrrrr!!!!!"
အသည်းခိုက်မတတ်နာကျင်မူှနဲ့ sehun ခြေထောက်တစ်ဖက်ဟာ ထိုမီးစွဲနေသော တန်းအောက်မှာ ပိသွားလေသည်...
"H...u....n...!!!"
ကတူန်ကယင်နဲ့ ပေါ်ထွက်လာတဲ့ jongin အသံလေးကြောင့် sehun အံကြိတ်အားတင်းလိုက်ကာ....
"Nini...hun ဘာမှမဖြစ်ဘူး....ဒီအတိုင်း ခလုတ်တိုက်လို့.."
Sehun ရှိသမျှ အားလေးနဲ့ ကြိုးစားကာ Jongin ဆီကို သွားပေမယ့် ခြေထောက်တစ်ဖက်ဟာ ထောက်လို့ပင်မရတော့...ဒူးခေါင်းအောက်ကနေ တစ်ဆစ်ဆစ်နာကာ သွေးတွေ မြင်မကောင်းဖြစ်နေပေမယ့် ဝမ်းလျားမှောက်ကာ လက်၂ဖက်ကိုအားပြုပြီး တရွတ်တိုက်ဆွဲကာ Jongin ရှိမယ့်နေရာဆီ မှန်းဆသွားလိုက်သည်...

YOU ARE READING
Love Story | Zawgyi + Unicode |
Fanfictionကျနော်တို့ ၂ယောက်ရဲ့ အချစ်ပုံပြင်.. SeKai Yaoi