Love Story -16

10.7K 1K 121
                                    

Sehun အိပ်​​ပျော်​​နေတဲ့ Jongin မျက်​နှာ​လေးကို ကိုင်​လို်​က်​ပြီး...

"ပိန်​သွားလိုက်​တာ Niniရယ်​...Hun ပစ်​ထားမိသလို ဖြစ်​သွားတယ်​...​​တောင်းပန်​တယ်​ဆိုတာကလွဲပြီး Hun ဘာ​ပြောရမှန်း​တောင်​မသိပါဘူး..."

Sehun ကိုယ်​တိုင်​လည်း စိတ်​​တွေရှူပ်​​ထွေးလွန်းလှပါသည်​...Jongin ကိုလည်း သူလက်​မလွှတ်​နိုင်​သလို သူ့က​လေးကိုလည်း မစွန့်​ပစ်​နိုင်​...ဘာ​ကြောင့်​များ ဒီ​လောက်​ရှူပ်​​ထွေး​နေရပါလိမ့်​....

"ဟူး...."

စိတ်​​မောစွာ သက်​ပြင်း​မောတစ်​ခုကိုချလိုက်​ရင်း ​မော့ကြည့်​လိုက်​​တော့...ကုတင်​​ပေါ်က jongin က မျက်​ရည်​အဝိုင်းသားနဲ့ sehun ကိုကြည့်​​နေတာ...

"နိုးပြီလား Nini...သက်​သာရဲ့လား.."

Sehun ​မေးလိုက်​​ပေမယ့်​ jongin ကမ​ဖြေတဲ့ အပြင်​ မျက်​လူံးမှိတ်​သွားတယ်​..Sehun အရမ်းအံ့သြသွားခဲ့တယ်​..Jongin က အခုသူ​မေး​နေတာကို ဥ​ပေက္ခာပြုလိုက်​တာလား..

"Jongin...​ဖြေပါဦး...Hun ​မေး​နေတာကြားလားလို့.."

Sehun လှူပ်​ကာ ​မေးလိုက်​​ပေမယ့်​ Jongin က​မ​ဖြေပါ...သူ့​ကို​ကျော​ပေးကာ တစ်​ဖက်​သို့လှည့်​သွားပြီး..

"ကျ​နော်​တစ်​​ယောက်​တည်း​နေချင်​လို့ပါ Hun.."

Sehun ဝမ်းနည်းသွား​ပေမယ့်​ ....
"အင်းပါ..ဒါဆို Hun အပြင်​မှာရှိတယ်​​နော်​...Niniစိတ်​ရှူပ်​​နေမှာသိပါတယ်​...ငိုမ​နေနဲ့​တော့​နော်​...."

Sehunက jonginနဖူး​ပေါ်အနမ်း​လေး​ပေးကာ အခန်းတံခါးပိတ်​ရင်း ထွက်​သွား​တော့တယ်​...

Sehun ထွက်​သွား​တော့မှ jongin နာကျင်​​နေတဲ့ သူ့ရင်​ဘတ်​ကို ဖိထားကာ မျက်​ရည်​​တွေ တလိမ့်​လိမ့်​ကျ​လာတယ်​....

နာကျင်​ရမယ့်​အတူတူ ​ဆုံးဖြတ်​ချက်​တစ်​ခုကို ရဲရဲဝံ့ဝံ့ချလိုက်​ပါ​တော့မယ်​...ဒါ​ကြောင့်​ ကျ​နော့်​ကို ထပ်​ပြီး​တွေ​ဝေ​အောင်​ မလုပ်​ပါနဲ့​တော့ Hun....

♥♥♥♥♥♥♥Love Story♥♥♥♥♥♥♥♥

Sehun ကအလုပ်​သွားပြီဖြစ်​သလို သမီးလည်း​ကျောင်းသွားပြီ ဖြစ်​တာ​ကြောင့်​ jongin အိမ်​မှာတစ်​​ယောက်​တည်း ငြီး​ငွေ့စွာ...လက်​တစ်​ဖက်​ကလည်း ​ကျောက်​ပတ်​တီးနဲ့မို​ Sehun ကဘာမှမလုပ်​နဲ့ဟု တဖွဖွမှာသွားတာ....

Love Story  | Zawgyi + Unicode |Donde viven las historias. Descúbrelo ahora