Love Story - 14 ( Unicode )

830 85 0
                                    


Emergency Room ရှေ့မှာ Jongin ကတုန်ကယင်နဲ့ ရပ်နေမိတယ်...သူ့မှာ ကမ္ဘာပျက်သလောက်နီးနီးတုန်လူှပ်ကာ သူမတစ်ခုခုဖြစ်မသွားဖို့ဘဲ အသည်းအသန်ဆုတောင်းနေမိတယ်...

Sehun ကမန်းကတန်းပြေးဝင်လာကာ....

"Jongin....ဘယ်မှာလဲ...သူမဘယ်မှာလဲ "

သွေးရူးတန်းရူးနဲ့ Sehun ပုံကိုတွေ့တော့ Jongin ပိုပြီးနောင်တရမိတယ်...Sehun ကလေးလေးသာ တစ်ခုခုဖစ်သွားရင်လေ....

"ဟို...အခန်းထဲမှာ...Hun.."

Jongin ဆီက အဖြေရတာနဲ့ Sehun ကjongin ပုခုံးပေါ်က လက်တွေကိူ ဖြူတ်ချကာ အခန်းထဲပြေးဝင်သွားတယ်...ကျောခိူင်းသွားတဲ့ Sehun ကိုကြည့်ကာ Jongin မျက်နှာကို လက်နဲ့အုပ်ပြီး ရိူှ်က်ကြီးတငင်ငိူကြွေးမိတယ်...

ဘာကြောင့်များ ကျနော့်အချစ်ဟာ နာကျင်မူှတွေများဖြစ်နေရတာလဲ....ကျနော် Hun ဆီကဘာမှမမျှော်လင့်ဘဲ ချစ်ခဲ့ရုံသက်သက်လေးပါ....

Jongin အားတင်းရပ်လိုက်ကာ သူမအခန်းနားကိုရပ်လိုက်ရင်း မှန်အပြင်ကနေ ကြည့်လိုက်တော့ ကုတင်ပေါ်မှာ လှဲနေတဲ့ သူမရဲ့လက်တွေကို Hun ကကြင်ကြင်နာနာနဲ့ ဆုပ်ကိူင်ကာ သူမနဖူးပေါ် အနမ်းတွေခြွေချနေတာ...

ကျနော်ရူးသွားချင်တယ် Hun...ဒီမြင်ကွင်း...ဒီအပြုအမူတွေဟာ ကျနော့်ရင်ကိူ သွေးစိမ်းရှင်ရှင်ထွက်သလို နာကျင်စေတယ်...ကျနော် Hun နားကထွက်သွားရတော့မှာလားဟင်....

သူမက Hunကိူဘာပြောနေမှန်းတော့ မသိပေမယ့် Hun ဒေါသတစ်ကြီး ထွက်လာကတည်းက Jongin သိလိုက်ပါတယ်...Hun ကျနော့်ကို အထင်လွဲ နေပြီဆိုတာ....

"Kim Jongin..."

Sehun ကဒေါသတစ်ကြီးနဲ့ Jongin ရဲ့ အကျီကော်လံတွေကို ဆူပ်ကိူင်လိုက်တာကြောင့် Jongin အသက်ရူှပါကြပ်သွားတယ်....Sehun ရဲ့လက်တွေကို jongin ကကိူင်လိုက်ကာ...

"Hun...လက်ကပြန်သွေးထွက်နေပြီ..."

Jonginကစိတ်ပူစွာသတိပေးလိုက်ပေမယ့် Sehun က ဂရုမစိုက်ဘဲ...

"ဘာလို့ အဲ့လိုလုပ်ရတာလဲ...ငါ့ကလေးကိုမုန်းနေတာလား.."

"Hun....ကျနော်နားမလည်ဘူး...ဘာတွေပြောနေတာလဲ.."

Love Story  | Zawgyi + Unicode |Where stories live. Discover now