Jongin ဆေးရုံကနေ ပြေးထွက်လာကာ အရူးတစ်ယောက်လို လျှောက်သွားနေမိတာ ဘယ်ရောက်လို့ရောက်နေမှန်း ပင်မသိတော့...ဒူးတွေခွေယိုင်ကာ လဲကျချင်နေပေမယ့် ဂရုမစိုက်နိုင်....သူ့နားထဲမှာ Sehun ရဲ့ လမ်းခွဲရအောင်ဆိုသော စကားဟာ အထပ်ထပ်....
ကျနော် Ooh Sehunကို တစ်ခါလောက်မုန်းကြည့်ချင်လိုက်တာ....
Jongin လမ်းဘေးက Cherry ပင်ကြီးအောက်မှာ ငုတ်တုပ်လေး ထိုင်နေတာ အသိစိတ်လွတ်နေတဲ့ သူလို....ဘယ်သွားလို့ ဘယ်လာရမှန်း မသိတာမို့ ကြောင်စီစီလေး ထိုင်နေလေသည်...
"Jongin..."
Jongin ခေါ်သံကြားလို့ မော့ကြည့်လိုက်တော့ Taemin...
"Taemin.."
Taemin သု့ကို မော့ကြည့်လာတဲ့ Jonginကိုကြည့်လိုက်ပြီး အလန့်တကြားဖစ်သွားတယ်...မျက်နှာတစ်ခုလုံး မျက်ရည်တွေ ရွှဲနစ်နေကာ နဖူးမှာကသွေးတွေက ခြောက်နေပြီ...
သနားစဖွယ်လေးပြန်ကြည့်နေတဲ့ jongin ကိုဆွဲထူလိုက်တော့ Jongin ကမတ်တပ်မရပ်နိင်သည့်အလား ပြိုလဲကျလာတာကြောင့် Taemin ရင်ခွင်ထဲရောက်သွားတယ်...
Taemin ငုံ့ကြည့်လိုက်တော့ Jongin ကသူ့ရင်ခွင်ထဲမှာ ငိုနေတာကြောင့် ဘာမှမပြောဘဲ jongin ကျောပြင်လေးကို ပွတ်ပေးလိုက်ကာ နှစ်သိမ့်ပေးနေမိတယ်...
"Jongin...အပြင်မှာအေးတယ်...ကားထဲသွားရအောင်နော်.."
အသက်မဲ့နေသလို တွေတွေလေးရပ်နေတဲ့ jongin ကို Taemin က ကြင်ကြင်နာနာနဲ့ ခေါ်သွားပြီး ကားအနောက်ခန်းထဲကို ဝင်ထိုင်လိုက်ကာ Driver ကိုသူ့အိမ်ကိုမောင်းဖို့ပြောလိုက်တော့တယ်...
Jongin ကတော့ Taemin ရင်ခွင်ထဲမှာ ရှိုက်သံလေးတွေထွက်ပြီး ငိုနေတုန်းပါဘဲ....Taemin က Jongin ရဲ့ မျက်ရည်တွေကို သုတ်ပေးပြီး...

BINABASA MO ANG
Love Story | Zawgyi + Unicode |
Fanfictionကျနော်တို့ ၂ယောက်ရဲ့ အချစ်ပုံပြင်.. SeKai Yaoi