Love Story - 19

835 79 0
                                    

"Papaတိူ့အပြင်မသွားတာကြာပြီ ...သွားကြမလား သမီး.."

Raheeလေးကျောင်းပိတ်ရက်ဖြစ်တဲ့အပြင် Jonginပါ shooting မရှိတာမို့ သမီးကိုအပြင်သွားဖို့ဆွဲဆောင်လိုက်သည်...အလုပ်တွေရူှပ်နေတာနဲ့ သမီးကို အရင်လောက်တောင်ဂရုမစိုက်ဖြစ်...

ဒါပေမဲ့ သမီးက ကျနော့် ဒဏ်ရာတွေကိုသိတဲ့အလား Sehun ကိုတစ်ချက်ပင်မမေး...ဖွင့်မပြောသော်လည်း သမီးသူ့daddyကိုလွမ်းနေတာ သိသာပါသည်...

"တကယ်လား Papa...အပြင်ထွက်လို့ရလို့လား..."

"ရတာပေါ့သမီးရဲ့ ...အကျီသွားလဲချည် ..Papa နဲ့ဆင်တူဝယ်ထားတဲ့ မိူးပြာရောင်အကွက်လေးဝတ်ခဲ့နော်..."

"Jinja....အဲ့အကျီလေးဝတ်ခဲ့ရမှာလား...အဲ့အကျီလေးက daddy မှာလည်းရှိ..."

သမီးက သူစကားမှားသွားမှန်းသိကာ ချက်ချက်း ဘရိတ်အုပ်ပစ်တယ်...ကျနော်ထင်တဲ့အတိူင်းပါဘဲ သမီးက ပါးစပ်ကသာ ထုတ်မပြောတာ သမီးရင်ထဲမှာ သူ့daddyကိူလွမ်းနေရှာမှာ...

Jongin က Rahee ခေါင်းလေးကိုပွတ်ပေးလိုက်ကာ ...

"အကျီသွားလဲလေသမီး...အချိန်တွေကူန်မယ်...မြန်မြန်လေးလုပ်နော်.."

သမီးကို အခန်းထဲလွှတ်ပြီးခါမှ သက်ပြင်းမောကိုချလိုက်ရသည်..Sehun ကကျနော်နဲ့ကွာရှင်းပြီး သမီးရဲ့ Daddy မဟုတ်ဘဲ တခြားတစ်ယောက်ရဲ့ Daddyဖစ်တော့မှာကို သမီးလက်ခံနိူင်အောင် ကျနော်ကြိူးစားရဦးမည်..

သမီးအတွက် Daddy အသစ်လည်း ရှာမပေးနိုင်တော့ပေမယ့် သမီးကြီးလာသည့်အခါ စောင့်ရှောက်နိူင်ဖို့ mommy တစ်ယောက်လိုအပ်တယ် ဆိုလာပါလျှင်ရော....

Soo Jung .... ကိူယ်ကတိမတည်နိူင်ခဲ့တဲ့ အတွက် တောင်းပန်ပါတယ်.....

♥♥♥♥♥♥♥Love Story♥♥♥♥♥♥♥

သမီးနဲ့ Shopping ထွက်ပြီး သားဖနှစ်ယောက်လိုတာတွေဝယ်ကာ ရေခဲမုန့်တစ်ယောက်တစ်ခုဆီနဲ့ center ထဲမှာ လျှောက်သွားနေတာ...သမီးကတော့ လိုချင်တာရတဲ့အပြင် ကျနော်နဲ့လျှောက်သွားနေရတာမိူ့ ပြူံးပျော်လို့...

အေးချမ်းလိုက်တာ ....သမီးဟာ ကျနော့်အတွက်တော့ ဘုရားသခင်က ကောင်းချီးပေးခဲ့တဲ့ လက်ဆောင်လေးရယ်ပါ...ပြန်စဉ်းစားကြည့်ရင် အိမ်ထောင်သက် ၂နှစ်ကျော် သမီးကို မွေးစားခဲ့သည့်နောက်ပိူူ်င်းတွင်ရော ကျနော်တို့ မိသားစုဟာ ဒီလိုမသွားလာဖူးပါ...

Love Story  | Zawgyi + Unicode |Opowieści tętniące życiem. Odkryj je teraz