Unicode (zawgyi below)
Jungwoo's POV
နေရောင်ခြည်မထွက်ခင် ကျွန်တော့်ရဲ့ကုတင်ဘေးကနေမြည်လာတဲ့ နှိုးစက်သံကြောင့် ကျွန်တော်အိပ်ရေးမဝသေးသောမျက်လုံးအစုံကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည်။
အိပ်ချင်သေးပေမယ့်ကျွန်တော်အိပ်ရာထဲမှာဆပ်ခွေနေဖို့စိတ်ကူးမရှိခဲ့ဘူး။ ကျောင်းတက်ခေါင်းလောက်ထိုးချိန်က ၇:၀၀ ဖြစ်ပေမယ့် အခုမှ ၅:၃၀ သာရှိသေးသောအချိန်တစ်ခုကိုကျွန်တော်လောနေမိတယ်။အချိန်တွေကုန်မှာစိုးလို့ အိပ်ရာထဲဆက်ခွေမနေဘဲ ကုတင်ပေါ်ကနေဆင်းလိုက်တော့တယ်။
နေ့တိုင်း မနက် ၅:၃၀ ထရတော့ နောက်ပိုင်း မျက်လုံးအကျင့်ရလာပြီး နှိုးစက်မပါရင်တောင် ၅:၃၀ ဆိုအလိုလိုမျက်လုံးကပွင့်လာတတ်ပြီဖြစ်သည်။ဒါဟာ သူကျွန်တော့်ကိုလေ့ကျင့်ပေးလို့ရလာတဲ့အကျင့်တစ်ခုပေါ့
ဒီလိုတွေးပြီးပြုံးလိုက်မိခါမှ ကျွန်တော်အေးစက်သွားတဲ့လက်တွေကိုအချင်းချင်းပြန်ဆုပ်ကိုင်လိုက်မိတယ်
သူလေ့ကျင့်ပေးတဲ့အကျင့်တစ်ခုမဟုတ်ပါဘူး
အမှန်တော့ သူ့ကြောင့် ကျွန်တော့်ကိုကျွန်တော်အလေ့အကျင့်တစ်ခုထဲကိုအတင်းသွတ်သွင်းယူခဲ့မိတာအမြန်ဆုံးနည်းနဲ့ ကျွန်တော်ကျောင်းအင်္ကျီလေးကိုဝတ်လိုက်တယ်
ခေါင်းမဖြီးတော့ဘဲနဲ့ ရှုပ်ထွေးနေတဲ့ဆံပင်ကို လက်ချောင်းနဲ့ထိုးဖွပြီး ဖြည်လိုက်တယ်။ကျောင်းသွားဖို့အချိန်ကစောနေသေးပေမယ့် ကျွန်တော်အရမ်းလောနေတယ်။
မနက်တိုင်း ထမင်းဗူးပြင်တိုင်းမှာ ထင်တာထက်ပိုနေတတ်တဲ့ ရင်ခုန်သံတွေကမတည်ငြိမ်ခဲ့ဘူးမီးဖိုချောင်ထဲဝင်ပြီးတာနဲ့ ထမင်းအိုးအရင်တည်ပြီးခါမှ ထမင်းအိုးကျက်တာကိုစောင့်ရင်း မျက်နှာသစ်သွားတိုက်လုပ်တတ်တဲ့ ကျွန်တော့်ရဲ့ဓလေ့ကိုအရင်စတင်တော့တယ်။
မျက်နှာသစ်ပြီးတဲ့အထိ မကျက်သေးတဲ့ထမင်းအိုးကတော့သူ့အလုပ်သူလုပ်နေဆဲ
မနေ့ကတည်းကဆေးထားတဲ့ ကော်ထမင်းဘူးလေး ၂ ခုကိုကျွန်တော်လှမ်းယူလိုက်တယ်။
Jungwoo လို့ရေးထားတဲ့ကျွန်တော့်ထမင်းဗူးလေးကအသစ်မဟုတ်သလို Lucas လို့ရေးထားတဲ့သူ့ရဲ့ထမင်းဗူးလေးကလည်းအဟောင်းမဟုတ်ပြန်ဘူး။
YOU ARE READING
Fool's Paradise
FanfictionThis fic is written in both Unicode and Zawgyi Unicode အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေတစ်ခုကိုဘယ်တော့မှမစောင့်ခဲ့ဘူး...... Zawgyi အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေ...