27- The memories inside my heart

198 32 0
                                    

Unicode (Zawgyi below)

Jungwoo's POV

15 Nov 2018

ကျွန်တော်အခန်းထဲကစာကြည့်စားပွဲမှာထိုင်နေမိတယ် စားကြည့်စားပွဲပေါ်မှာမီးအိမ်လေးရှိနေတယ် သူ့ဆီကဖြာကျလာတဲ့မီးအလင်းကသိပ်တော့မစူးဘူး စူးလွန်းတဲ့မီးရောင်တွေကကျွန်တော်နဲ့မတည့်ဘူး ပြီးတော့ တစ်ဝက်ကျိုးနေပြီဖြစ်တဲ့ diary စာအုပ်လေးကဖွင့်လျက်သားရှိနေတယ်

စားပွဲပေါ်မှာတင်ထားတဲ့ စားပွဲတင်နာရီအသေးလေးကိုကျွန်တော်မေးထောက်ပြီးကြည့်နေတယ်
စက္ကန့်လက်တံလေးတချက်ချက်ရွေ့ရုံနဲ့ဒီလောက်ထိအချိန်တွေကုန်ခဲ့ရောလား ကျွန်တော်ကျောင်းထွက်ခဲ့တာ ၂ လနီးပါးရှိခဲ့ပြီ

diary စာအုပ်ရဲ့စာမျက်နှာအသစ်မှာကျွန်တော်တပ်လိုက်တဲ့ရက်စွဲလေးတစ်ခုကတော့ဒီနေ့ရက်စွဲလေး။
အချိန်တွေအတော်အကုန်မြန်တာပဲ ဒီလောက်မြန်မြန်ကုန်ခဲ့တဲ့အချိန်တွေ တစ်နည်းပြောရရင် ကျွန်တော်ကျောင်းထွက်ခဲ့ပြီးတဲ့ ၂ လနီးနီးအချိန်တွေမှာကျွန်တော်ဘာလုပ်နေခဲ့သလဲ

ရုပ်ရှင်ကြည့်တယ် ukelele တီးရင်းနဲ့သီချင်းတွေဆိုတယ် ပြီးတော့ အိမ်နားက ခွေးလေးတစ်ကောင်နဲ့ကစားဖြစ်တယ် နေ့ခင်းဘက်တွေမှာတော့ကျွန်တော့်ဘဝကအရမ်းအေးချမ်းတယ်

မဖြစ်နိုင်တော့တဲ့လူတစ်ယောက်ကိုဖိအားတွေအများကြီးပေးပြီးခရီးဆက်ခိုင်းနေရာကနေရုတ်တရက် ရပ်ခိုင်းလိုက်တဲ့အချိန်မှာရလာတဲ့ပျော်ရွှင်မှုနဲ့ လွတ်လပ်မှုတွေကိုကျွန်တော်အပြည့်အဝခံစားနေရတယ်

အသက်မရှူဖို့ချုပ်ထားရင်းကနေ ပထမဆုံးလေကိုရှူသွင်းလိုက်သလိုမျိုးပေါ့
ပင်ပန်းနေပြီဖြစ်တဲ့မြင်းတစ်ကောင်ကို ခဏနားခိုင်းလိုက်လို့ သခင်ကိုကျေးဇူးတင်တဲ့အကြည့်တွေနဲ့ပြန်ကြည့်သလိုမျိုးပေါ့

ကျွန်တော်ဒီ ၂ လအတွင်းမှာ စိတ်ကျေနပ်မှုတွေအပြည့်ရနေတယ် ကျွန်တော်လုပ်ချင်တာတွေလုပ်နေရလို့စိတ်ကျေနပ်နေတာမဟုတ်ဘဲ ကျွန်တော်အနားယူခွင့်ရတဲ့ဘဝကိုကျေနပ်နေမိတာဖြစ်တယ်

ကျွန်တော့်ဘဝမှာ ဒီလိုအချိန်နဲ့ ဒီလိုအရသာကိုပထမဆုံးခံစားရတာပဲဖြစ်တယ်

Fool's Paradise Where stories live. Discover now