2.The Morning of My Heart

716 90 0
                                    

Unicode (zawgyi below)

Jungwoo's POV

မြို့ငယ်လေးဖြစ်လို့ ကားအသွားအလာလည်းနည်းသည်။ လူအများစုက နာရီဝက်ခန့်သာကြာမယ့်ခရီးဆိုရင်စက်ဘီးကိုသာအသုံးများကြသည်။

bus ကားလိုင်းတွေလည်းသိပ်မတွင်ကျယ်သလို taxi ဆိုတာလည်းမပေါများခဲ့ပါ။ ရထားကိုတော့လူသုံးများကြပေမယ့် ရထားဘူတာမှာလူတွေစည်ကားနေတဲ့အထိတော့ ရထားအသုံးပြုမှုကလည်းမမြင့်တက်ခဲ့ဘူး။

ကျွန်တော့် အမေကအစိုးရရုံးတစ်ခုမှာစာရေးဖြစ်တာကြောင့် အလုပ်မနောက်ကျရအောင်အိမ်ကခပ်စောစောထွက်သွားတတ်တယ်။ အဖေကတော့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ field တာဝန်ခံဖြစ်တာကြောင့် အိမ်ကိုမိုးချုပ်မှပြန်ရောက်တတ်ပြီး မနက်ဆိုလည်းအမေနဲ့အတူအိမ်ကခပ်စောစောထွက်တတ်တယ်။

ဒါ့ကြောင့်ကျောင်းဖွင့်တဲ့ရက်တိုင်းဆိုရင် မနက် ၆ နာရီကျော်လောက်ဆိုတာနဲ့ ကျွန်တော်ကလွဲရင်ဘယ်သူမှအိမ်မှာမရှိတော့။ ကျွန်တော်ကလည်း ထမင်းဗူးတွေပြင်ပြီးတာနဲ့ အိမ်တံခါးကိုသော့ခတ်လိုက်ပြီ။

သော့ခတ်ပြီးတာနဲ့အိမ်ရှေ့တံခါးပေါက်မကြီးအရှေ့က အုတ်လှေကားထစ်လေးမှာငုတ်တုတ်ထိုင်ပြီး Lucas လာတာကိုစောင့်နေတတ်တယ်။ Lucas ကအမြဲကျွန်တော့်ကိုစက်ဘီးနဲ့လာကြိုတတ်ပြီး အပြန်ဆိုလည်းသူကကျွန်တော့်ကိုစက်ဘီးလေးနဲ့ပြန်ပို့ပြီးမှ သူ့အိမ်ကိုပြန်တတ်တယ်။

ဒါဟာဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး ဒီလိုကျောင်းသွား ကျောင်းပြန်လုပ်နေတာဟာ ဒီနေ့နဲ့ဆိုရင် ၁၀၂၃ ရက်ရှိပြီဖြစ်သည်။

အုတ်လှေကားထစ်လေးမှာထိုင်နေရင်းနဲ့ အခုမှကျွန်တော်တို့အိမ်ဘက်ကိုပျံ့လာတဲ့နေရောင်ခြည်ကကျွန်တော့်မျက်နှာကိုလာထိုးလို့ လက်နဲ့ကာလိုက်မိတယ်။

လက်ချောင်းကြားထဲကနေထိုးဖောက်ပြီးကျွန်တော့်မျက်နှာကိုလာထိနေသေးတဲ့နေရောင်ကြောင့် ကျွန်တော်နည်းနည်းနေရာရွှေ့ထိုင်လိုက်တယ်။

ဒါပေမယ့်လည်းနေရောင်ကိုကျွန်တော်ရှောင်လွှဲလို့မရခဲ့။

Fool's Paradise Where stories live. Discover now