22 - The nameless pain in my heart

260 37 2
                                    

Unicode
(zawgyi below)

Jungwoo's POV

"အချိန်စေ့ပြီ အဖြေလွှာတွေလာထပ်ပါ"

ကျွန်တော်အားမရတာမျိုးလည်းမဖြစ်ခဲ့
ကျွန်တော့်ကိုကျွန်တော်တော့ ကံကြမ္မာမုန်းတီးခြင်းခံရတဲ့လူတစ်ယောက်ဖြစ်နေလို့စိတ်ဓာတ်ကျမိတာလေးတစ်ခုတော့ရှိနေတယ်
ကျွန်တော်အတင်းရုန်းကန်နေရတာကိုဘယ်သူမှမသိကြဘူး

ဝမ်းနည်းခြင်းအလျင်းမရှိပေမဲ့တစ်ခုခုသောမကောင်းတဲ့စိတ်ခံစားချက်တွေနဲ့ ကိုင်ထားတဲ့အဖြေလွှာကို အခန်းစောင့်ဆရာမဆီမှာအပ်ခဲ့လိုက်တယ်
အဖြေလွှာမှာတော့ ပြီးဆုံးအောင်တွက်ထားခြင်းတစ်ပုဒ်မှမရှိတဲ့ တစ်ဝက်တစ်ပျက်ပုစ္ဆာတွေပြည့်လို့နေတယ်

ကျွန်တော်ဒီ့အတွက်နဲ့ ကိုယ့်ကိုယ်ကိုအားမလိုအားမရဖြစ်တာတွေမရှိဘူး
ဒါပေမဲ့ ဝမ်းနည်းတယ် ဝမ်းနည်းတဲ့အခါတိုင်းမှာတစ်ခုခုကိုလိုက်ဆုပ်ဖမ်းနေတတ်တယ် လက်တစ်စုံကိုလား အကျီစတစ်ခုကိုလား နွေးထွေးတဲ့ပွတ်သပ်မှုကိုလား အပြုံးတစ်ခုကိုလား ထွေးပွေ့မှုတစ်ခုကိုလား ကျွန်တော်သေချာမသိပေမဲ့ ဘာပဲဖြစ်ဖြစ်ကျွန်တော်ဆုပ်ကိုင်မိချင်တယ်

ကျွန်တော် ညညဆို တိတ်တိတ်လေးငိုနေမိတာတွေဟာ အမည်တပ်လို့မရတဲ့နာကျင်မှုတွေကြောင့်ဖြစ်တယ်

အတင်းရုန်းကန်နေရတဲ့အချိန်မှာ ဘယ်သူမှအနားမှာရှိမနေတာရယ် အပြစ်တင်ခံနေရတာတွေရယ် ချစ်ရသူနားကိုလည်းမအပ်နိုင်တာတွေရယ် ဒါတွေအားလုံးပေါင်းစပ်လိုက်ခြင်းက အမည်တပ်မရတဲ့ဝမ်းနည်းမှုတွေပဲဖြစ်တယ် အခုထိတိုင်ကျွန်တော်ဘာ့ကြောင့်ထုံလေးနေမှန်းမသိနိုင်ဘူး

Lucas ကကျွန်တော့်ကိုဒီလိုပုံဖော်ဖူးတယ်

"မင်းကသိပ်မျက်ရည်လွယ်တယ်" ဒါပေမဲ့သူကျွန်တော့်မျက်ရည်တွေကိုတစ်ခါမှမသုတ်ပေးခဲ့ဖူးဘူး

"မင်းကအရမ်းစိတ်ပျော့တတ်တာပဲ အထိမခံနိုင်တဲ့ပန်းပွင့်ဖတ်ကလေနုလေးတိုက်ရင်တောင်ကြွေကျသလိုမျိုးပဲ ကိစ္စသေးသေးလေးတွေအတွက်တောင်မှအများကြီးပူပန်တတ်တယ်"
ဒါပေမဲ့ သူကျွန်တော့်ကိုအားမပေးခဲ့ဖူးဘူး

Fool's Paradise Where stories live. Discover now