17- The Diary of My Heart

335 57 4
                                    

Unicode (zawgyi below)

Jungwoo's POV

နောက်နေ့ကျွန်တော်ကျောင်းသွားခဲ့ပေမယ့်အတန်းမတက်ဘဲ ကျွန်တော်စာသင်ခန်းဆိုတဲ့နေရာကိုရှောင်နေခဲ့တယ်

ကျွန်တော် စာ တွေနဲ့မထိတွေ့ချင်သလို ရည်းစားနဲ့ပလူးပလဲဖြစ်နေတဲ့ Lucas ဆိုတဲ့လူတစ်ယောက်ကိုလည်းမတွေ့ချင်ဘူး

ကျောင်းအနောက်ပေါက်က ဘဲခေါင်းစိမ်းရောင်ဆေးသုတ်ထားတဲ့ ဒန်းလေးပေါ်မှာ ကျွန်တော်ထိုင်နေရင်း ကောင်းကင်ကိုမော့ကြည့်လိုက် ဘေးဘက်က ကျောင်းအုတ်နံရံကိုကြည့်လိုက် ကျောင်းခြံဝင်းထဲက အပင်လေးတွေကိုကြည့်လိုက်နဲ့ အကြည့်တွေကူးပြောင်းနေခဲ့တယ် အကြည့်တွေဂနာမငြိမ်သမျှ ကျွန်တော့်အတွေးတွေလည်းလျှောက်ပြေးနေတယ်။ ဟိုတစ်ကွက်ဒီတစ်ကွက်နဲ့ဆေးရောင်တွေပျက်နေတဲ့ ဒန်းလေးကိုကျွန်တော်မလွှဲဘဲငြိမ်ငြိမ်လေးထိုင်ရင်း ရင်ထဲမှာပူလောင်နေခဲ့တယ်

စဉ်းစားကြည့်လေ

မင်းမေ့လို့မရတဲ့အရာတွေမို့ မမေ့ပါနဲ့လို့တောင်းပန်ခဲ့တာတောင် ကျွန်တော့်ကိုသူကသနားတဲ့မျက်ဝန်းတွေနဲ့တောင်တစ်ချက်မကြည့်ခဲ့သလို "အင်း မမေ့ပါဘူး" လို့လည်းတစ်ခွန်းပြန်မပြောခဲ့ဘူး

သူကတော့ အချစ်ခံရတဲ့သူမို့ ကျွန်တော့်နှလုံးသားတစ်ခုလုံးကိုရထားတဲ့သူမို့ ချစ်ရတဲ့ဒုက္ခနဲ့နာကျင်မှုတွေကိုသူမသိဘူး ပြီးတော့အမြဲအတည်တကျမရှိတဲ့အပျော်တမ်းဆန်ဆန်ဆက်နွယ်မှုတွေထဲမှာကျင်လည်ခဲ့သူမို့ အချစ် ဆိုတာဘာလဲသူမသိဘူး

ကျွန်တော်ကချစ်တတ်တဲ့သူမို့အချစ်ဆိုတာဘာလဲလို့လာမေးရင်တော့ ဖွဲ့ဖွဲ့နွဲ့နွဲ့နဲ့ မရှင်းပြတတ်ဘူး ဒါပေမယ့် တစ်ခွန်းတော့ပြန်ဖြေနိုင်လိမ့်မယ်

" L U C A S" ဆိုတဲ့နာမည်တစ်ခွန်းပေါ့....

ကျွန်တော့်အတွက် အချစ်ဆိုတာဟာ သူ ပါပဲလို့တစ်ခွန်းတည်းဖြေနိုင်လောက်တဲ့အထိကို ကျွန်တော့်ဘဝမှာတွေ့ကြုံခဲ့ရတဲ့ အချစ်ဟာရိုးရှင်းလွန်းတယ် ခံစားချက်တွေကလွဲလို့ပေါ့... အချစ်ကြောင့်ဖြစ်လာတဲ့ခံစားချက်တွေကလွဲလို့ ကျွန်တော့်ဘဝဟာရိုးရှငိးတယ် အချစ်ဆိုတာလည်းရိုးရှင်းတယ်

Fool's Paradise Where stories live. Discover now