4- The Time In My Heart

469 77 1
                                    

Unicode (zawgyi below)

Jungwoo's POV

(flashback)

ကျောင်းနောက်ပေါက်ဝမှာကျွန်တော်ရပ်စောင့်နေတာ ၁၅ မိနစ်ကျော်နေပြီဖြစ်လို့ အပျင်းတစ်တဲ့စိတ်တွေနဲ့ကျွန်တော်ဆောင့်ကြောင့်ထိုင်ချလိုက်မိတယ်

ကျောင်းဆင်းချ်န်လာကြိုမယ်ဆိုပြီးသူပြောသွားခဲ့ပေမယ့် သူအခုထိပေါ်မလာသေးဘူး

date တစ်ခုကအဲ့လောက်ကြာလား

ချစ်တဲ့သူနှစ်ယောက်ပျော်ပျော်ရွှင်ရွှင်အချ်န်တွေကိုကုန်ဆုံးနေကြတာပဲလေ ကျွန်တော်ကကြာတယ်ထင်နေရင်တောင် သူတို့အတွက်အချ်န်တွေကမလောက်ဘူးဖြစ်ရင်ဖြစ်နေမှာ

ကျွန်တော့်ကိုလာကြိုရင်အရင်က အချိန်တိကျတတ်တဲ့ Lucas က Date လုပ်တဲ့နေ့တွေဆိုရင်တော့နောက်ကျတတ်တယ်။ ကျွန်တော့်ကိုကြိုရမယ့်အချိန်မှာ သူ့ရဲ့ရည်းစားကိုအလိုလိုက်နေရလို့ အချ်န်တွေမေ့ပြီးနောက်ကျနေတာကိုကျွန်တော်မကြိုက်ဘူး

ကျွန်တော့်မှာဒီကိစ္စကိုမနှစ်မြို့ခွင့်မရှိဘူး ဒါပေမယ့် ကျွန်တော်သူ့ကိုချစ်ခွင့်ရှိတယ် ဒါ့ကြောင့် ကျွန်တော့်ဆီရောက်လာရမယ့်အချ်န်တစ်ခုမှာ သူရောက်မလာဘဲ တခြားတစ်ယောက်ကိုအချိန်ပိုပေးနေတာတွေကိုကျွန်တော်သဝန်တိုခဲ့တယ်။ သူဖဲ့ပေးလိုက်တဲ့ အချိန်တစ်မိနစ်လေးကအစ ကျွန်တော်နှမြောတယ်။ ကျွန်တော်မရတဲ့သူ့အချစ်တွေကိုလည်းနှမြောတယ်

အရင်တုန်းက သူ့လက်ပတ်နာရီစက်မသွားတော့လို့ ဝတ်မလာတဲ့နေ့တွေကိုကျွန်တော်ပြန်သတိရမိတယ်

အဲ့တုန်းက အချိန်မသိတော့ ကျွန်တော့်ဆီလာရင်အမြဲနောက်ကျနေတတ်တယ်။ နောက်ကျတဲ့သူ့ကိုကျွန်တော်မမုန်းပေမယ့် အချိန်တစ်ခုမှာ အတိအကျသူရောက်မလာခဲ့ဘဲနောက်ကျခဲ့ရင် သူ့ကိုပိုပြီးမျှော်ခဲ့ရတဲ့ အချ်န်အပိုသေးသေးလေးတွေကိုကျွန်တော်မုန်းတယ်။

သူ့ကိုအရမ်းမြင်ချင်တွေ့ချင်နေတဲ့စိတ်ကကျွန်တော့်ကိုဖမ်းစားထားလို့နဲ့တူပါရဲ့

ဒါ့ကြောင့်ကျွန်တော်သူ့ရဲ့လက်ပတ်နာရီကိုဆိုင်မှာသွားပြင်ပေးခဲ့တယ် ဓာတ်ခဲကူန်နေတာတဲ့လေ ဓာတ်ခဲထည့်ပြီးတော့ပြန်ကောင်းသွားတာနဲ့သူ့ကိုဆက်သုံးခိုင်းထားလိုက်တယ်။

Fool's Paradise Where stories live. Discover now