1️⃣The Name in My Heart

1.8K 114 3
                                    

Unicode (zawgyi below)

Jungwoo's POV

နေရောင်ခြည်မထွက်ခင် ကျွန်တော့်ရဲ့ကုတင်ဘေးကနေမြည်လာတဲ့ နှိုးစက်သံကြောင့် ကျွန်တော်အိပ်ရေးမဝသေးသောမျက်လုံးအစုံကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည်။
အိပ်ချင်သေးပေမယ့်ကျွန်တော်အိပ်ရာထဲမှာဆပ်ခွေနေဖို့စိတ်ကူးမရှိခဲ့ဘူး။ ကျောင်းတက်ခေါင်းလောက်ထိုးချိန်က ၇:၀၀ ဖြစ်ပေမယ့် အခုမှ ၅:၃၀ သာရှိသေးသောအချိန်တစ်ခုကိုကျွန်တော်လောနေမိတယ်။

အချိန်တွေကုန်မှာစိုးလို့ အိပ်ရာထဲဆက်ခွေမနေဘဲ ကုတင်ပေါ်ကနေဆင်းလိုက်တော့တယ်။
နေ့တိုင်း မနက် ၅:၃၀ ထရတော့ နောက်ပိုင်း မျက်လုံးအကျင့်ရလာပြီး နှိုးစက်မပါရင်တောင် ၅:၃၀ ဆိုအလိုလိုမျက်လုံးကပွင့်လာတတ်ပြီဖြစ်သည်။

ဒါဟာ သူကျွန်တော့်ကိုလေ့ကျင့်ပေးလို့ရလာတဲ့အကျင့်တစ်ခုပေါ့
ဒီလိုတွေးပြီးပြုံးလိုက်မိခါမှ ကျွန်တော်အေးစက်သွားတဲ့လက်တွေကိုအချင်းချင်းပြန်ဆုပ်ကိုင်လိုက်မိတယ်
သူလေ့ကျင့်ပေးတဲ့အကျင့်တစ်ခုမဟုတ်ပါဘူး
အမှန်တော့ သူ့ကြောင့် ကျွန်တော့်ကိုကျွန်တော်အလေ့အကျင့်တစ်ခုထဲကိုအတင်းသွတ်သွင်းယူခဲ့မိတာ

အမြန်ဆုံးနည်းနဲ့ ကျွန်တော်ကျောင်းအင်္ကျီလေးကိုဝတ်လိုက်တယ်
ခေါင်းမဖြီးတော့ဘဲနဲ့ ရှုပ်ထွေးနေတဲ့ဆံပင်ကို လက်ချောင်းနဲ့ထိုးဖွပြီး ဖြည်လိုက်တယ်။

ကျောင်းသွားဖို့အချိန်ကစောနေသေးပေမယ့် ကျွန်တော်အရမ်းလောနေတယ်။
မနက်တိုင်း ထမင်းဗူးပြင်တိုင်းမှာ ထင်တာထက်ပိုနေတတ်တဲ့ ရင်ခုန်သံတွေကမတည်ငြိမ်ခဲ့ဘူး

မီးဖိုချောင်ထဲဝင်ပြီးတာနဲ့ ထမင်းအိုးအရင်တည်ပြီးခါမှ ထမင်းအိုးကျက်တာကိုစောင့်ရင်း မျက်နှာသစ်သွားတိုက်လုပ်တတ်တဲ့ ကျွန်တော့်ရဲ့ဓလေ့ကိုအရင်စတင်တော့တယ်။

မျက်နှာသစ်ပြီးတဲ့အထိ မကျက်သေးတဲ့ထမင်းအိုးကတော့သူ့အလုပ်သူလုပ်နေဆဲ

မနေ့ကတည်းကဆေးထားတဲ့ ကော်ထမင်းဘူးလေး ၂ ခုကိုကျွန်တော်လှမ်းယူလိုက်တယ်။
Jungwoo လို့ရေးထားတဲ့ကျွန်တော့်ထမင်းဗူးလေးကအသစ်မဟုတ်သလို Lucas လို့ရေးထားတဲ့သူ့ရဲ့ထမင်းဗူးလေးကလည်းအဟောင်းမဟုတ်ပြန်ဘူး။

Fool's Paradise Where stories live. Discover now