36- The priceless gift to my heart

212 34 0
                                    

Unicode (Zawgyi below)

Lucas' POV

ပစ္စည်းဆိုရင်ဟောင်းမှပိုပြီးတန်ဖိုးကြီးတယ်တဲ့ ကျွန်တော့်အတွက်တော့ မဟောင်းသေးတဲ့ဒီစာအုပ်လေးတစ်အုပ်ကတော်တော်ကြီးတန်ဖိုးရှိတယ်

တန်ဖိုးဆိုတာ ဘယ်လိုသတ်မှတ်သလဲကျွန်တော်သေချာမသိဘူး ဒါပေမဲ့ ကျွန်တော်လူမှန်းသိတတ်စအရွယ်ကတည်းက ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေအရ အဓိပ္ပာယ်သတ်မှတ်မယ်ဆိုရင်တော့.....
ကျွန်တော်တို့တန်ဖိုးထားရတဲ့အရာတွေကပဲကျွန်တော်တို့ကို ပြန်ပြီးနာကျင်စေတယ်

သိပ်နာကျင်နေရပြီ သိပ်ဗျာများနေရပြီဆိုရင် ဒီပစ္စည်းဟာ ကျွန်တော်တို့အတွက်သိပ်တန်ဖိုးရှိနေလို့ပဲ

တွဲလိုက် ပြတ်လိုက် စကားများလိုက် ရယ်လိုက် ပြုံးလိုက် လည်ပြီးရင်းလည်နေပေမဲ့ သူ့ကွယ်ရာရောက်ရင် သာမန်အနေအထားပြန်ဖြစ်သွားတတ်တဲ့ သူတွေနဲ့ယှဉ်ရင်
ဒီလိုဒီပုံပြာယာခတ်စေပြီး နာကျင်မှုတွေနဲ့ လူပုံမပေါက်စေတော့တဲ့ Kim Jungwoo ဆိုတဲ့ကောင်လေးနဲ့တော့ဘယ်တူမလဲ

သူ့ရဲ့ diary စာအုပ်လေးတစ်အုပ်ကလည်း သူ့လိုပဲရယ်

~ သူ့ဘေးနားမှာရှိနေရင်းနဲ့အဝေးဆုံးရောက်နေတဲ့ကျွန်တော်ဟာ သူနဲ့ relationship တစ်ခုထဲဝင်ဖို့ သူနဲ့အတူတည်ဆောက်ဖို့သိပ်ဝေးလွန်းနေတယ် မိုင်ပေါင်းဘယ်လောက်ဝေးနေလဲကျွန်တော်မသိဘူး ဘာတွေကဝေးနေစေသလဲကျွန်တော်မသိဘူး သူနဲ့နီးဖို့အတွက် ကျွန်တော်တို့ ၂ ယောက်ရဲ့ကြားခံနယ်ကိုဆန်းစစ်နေရင်းနဲ့ပဲကျွန်တော်ဟာသူနဲ့ပိုပိုပြီးဝေးလာရတယ်
နောက်ဆုံးသဘောပေါက်လိုက်ရတာက ကျွန်တော်ဟာ အပြေးစက်ပေါ်က ပန်းတိုင်ဝင်ဖို့မရပ်မနားပြေးနေရတဲ့အပြေးသမားတစ်ယောက်ဖြစ်နေတယ်ဆိုတာကိုပဲ မပြေးလို့လည်းမဖြစ် ပြေးရင်လည်းအရာမထူးတဲ့အပြေးသမားတစ်ယောက်ပေါ့ မပြေးရင်အပြေးစက်ရဲ့ရွေ့လျားမှုကြောင့်ကျွန်တော်လဲကျပြီးနာကျင်ရလိမ့်မယ် ဆက်ပြေးတော့လည်း ဒီနေရာကဒီနေရာမှာပဲရှိနေလိမ့်မယ် ပန်းတိုင်ကိုကျွန်တော်မရောက်နိုင်တော့တာလား ~

~ မဟုတ်ဘူး တကယ်တော့ကျွန်တော်မှားခဲ့တာ အပြေးစက်ပေါ်ကအပြေးသမားတစ်ယောက်အတွက် ပန်းတိုင်ဆိုတာရှိမနေဘူးလေ ပန်းတိုင်ထားခဲ့တဲ့ကျွန်တော်ကိုယ်တိုင်ကိုကစမှားနေခဲ့တာ
ပြေးလိုက်ရင်းနဲ့ပဲ သူနဲ့ဝေးနေရတဲ့ ကျွန်တော်ဟာ ပိုပိုပြီးမောလာရတယ် ပိုပိုပြီးနာကျင်လာရတယ်~

Fool's Paradise Where stories live. Discover now