Unicode (Zawgyi below)
Jungwoo's POV
25 Jan 2019
အနီရောင်မင်နဲ့ဝိုင်းထားတဲ့ ရက်စွဲတစ်ခုကို ကျွန်တော်ခပ်ကြာကြာငေးကြည့်နေမိတယ်
ဒီနေ့ပေါ့?
ဒီအနိီရောင်ဝိုင်းထားတဲ့ရက်က ဒီနေ့ပေါ့?ဒီနေ့ကဘယ်လောက်တောင်အရေးကြီးနေလို့ကျွန်တော်အနီရောင်နဲ့ဝိုင်းထားရတာလဲ ဟင်?
ကျွန်တော်ခေါင်းပါကုတ်လိုက်မိတဲ့အထိစဉ်းစားနေမိတယ်
"သားရေ !!! Lucas လာတယ်ဟေ့"
ဧည့်ခန်းကနေ အော်ပြီးအကြောင်းကြားတဲ့ အမေ့ရဲ့အသံကြောင့်ကျွန်တော် အခန်းတံခါးကိုဖွင့်လိုက်တယ် အခန်းတံခါးကိုဖွင့်ဖွင့်ချင်း ကျွန်တော့်အခန်းရှေ့ရောက်နေတဲ့ သူ့ကြောင့် အလိုလိုပြုံးမိသွားတယ်
"မင်း လက်ထဲကဘာအထုပ်လဲ"
"ကိတ်မုန့်"
"Wow"
ကျွန်တော်သူ့ကိုအခန်းထဲပေးဝင်ပြီး အခန်းတံခါးကိုပြန်ပိတ်လိုက်တယ်
သူက သက်တောင့်သက်သာထိုင်ရတဲ့အိပ်ရာပေါ်မှာမထိုင်ဘဲ ကြမ်းပြင်ပေါ်မှာသာထိုင်လိုက်ပြီး နံရံကိုမီလိုက်တယ်
"စားပွဲခင်းလိုက်ပါလား ဒီ ကိတ်မုန့်လေးတင်လို့ရအောင်"
"ငါ့အခန်းထဲမှာစားပွဲပုလေးတွေရှိမနေတာ မင်းမသိတာမှတ်လို့"
ကျွန်တော်ပြောလိုက်တော့ သူကလွယ်လွယ်ကူကူလက်ခံပြီး ခေါင်းညိတ်တယ်
"ဒါဆိုလည်း ကြမ်းပြင်ပေါ်မှာချစားကြတာပေါ့"
သူကကိုင်ထားတဲ့ ကိတ်မုန့်ထုပ်ကို ကြမ်းပြင်ပေါ်မှာချလိုက်တယ် ပြီးတော့ကျွတ်ကျွတ်အိတ်ထဲကနေ စက္ကူဗူးကြီးကြီးကိုအသာလေးထုတ်လိုက်တယ် စက္ကူဗူးရဲ့အဖုံးကိုဖွင့်လိုက်တော့ အရမ်းမလှပေမဲ့ လှတဲ့အထဲပါတဲ့ကိတ်မုန့်တစ်လုံးကိုတွေ့လိုက်ရတယ်
ကိတ်မုန့်ကိုမြင်တော့ကျွန်တော်ပိုပြီးအနီးကပ်လိုက်တယ်
သူနဲ့ကျွန်တော့်ကြားမှာကိတ်မုန့်တစ်လုံးသာစည်းခြားတော့တယ်"မင်းငါ့ကိုဘာပေးမယ်လို့များစဉ်းစားထားတာမရှိဘူးလား"
YOU ARE READING
Fool's Paradise
FanfictionThis fic is written in both Unicode and Zawgyi Unicode အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေတစ်ခုကိုဘယ်တော့မှမစောင့်ခဲ့ဘူး...... Zawgyi အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေ...