Unicode (zawgyi below)
Jungwoo's POV
~မင်းဘာဖြစ်နေတာလဲ ယောက်ျားချင်းပဲ ပွင့်ပွင့်လင်းလင်းပြောကြရအောင်~
ကျွန်တော်ဆေးရုံတက်နေတုန်းက Koeun လာကြည့်ခဲ့တယ် ဘေးမှာစောင့်နေတဲ့ကျွန်တော့်အစ်မခဏထွက်သွားချိန်မှာ Koeun ကကျွန်တော့်လက်ထဲစာတစ်စောင်ထည့်ပေးခဲ့တယ်
Lucas ဆီကစာကို Koeun ကကျွန်တော့်ကိုတစ်ဆင့်ပေးတာဖြစ်တယ်
မလုံမလဲဖြစ်နေမိတဲ့ကျွန်တော် Koeun ဆီကစာကိုချက်ချင်းမယူနိုင်ခဲ့ဘူး
Lucas သူ့ကိုပေးခိုင်းတဲ့စာကိုကျကျွန်တော်ကဖြဲခဲ့ပြီး ကျွန်တော့်အလှည့်ကျတော့ သူကကျွန်တော့်ဆီအရောက်သယ်လာပေးခဲ့တာလေ
ကျွန်တော်ဒီဇာတ်လမ်းမှာအချစ်တစ်ခုကြောင့်နဲ့လူဆိုးဖြစ်ပြီနဲ့တူပါတယ်....
ကျွန်တော်မျှော်နေခဲ့တဲ့ မေးခွန်းတစ်ခုကို Lucas ကကျွန်တော့်ကိုမေးလာပြီ
ကျွန်တော်ဆုံးဖြတ်ထားတဲ့အတိုင်းပဲ ကျွန်တော့်ရဲ့ခံစားချက်တွေအကုန်လုံးကို "ဘာမှမဖြစ်ဘူး" ဆိုတဲ့စကားနဲ့မျိုချလိုက်တော့မယ်
ဒါပေမယ့် ဒီတစ်ခါတော့အတင်းမေးမယ့် Lucas ရဲ့အကြောင်းကိုကျွန်တော်အာရုံရနေလို့ သူကျွန်တော့်ကိုမတွေ့ခင်ကတည်းက ကျောင်းပေါက်ဝကနေအမြန်ပြေးထွက်ခဲ့တယ်
ကျွန်တော်ဘာဖြစ်နေသလဲ သူ့ကိုပွင့်ပွင့်လင်းလင်းပြောရအောင် ကျွန်တော်ရူးနေတဲ့သူမဟုတ်ဘူး
ကျွန်တော့်မှာအသိဉာဏ်တွေရှိနေသေးတယ်
သူကျွန်တော့်ကို ရူးနေပြီလား ဆိုပြီးကြည့်လာမယ့်အကြည့်တွေအောက်မှာ ကျွန်တော့်မနေနိုင်ဘူး
ကျွန်တော်လွယ်အိတ်ကိုတစောင်းလွယ်ရင်းနဲ့ပဲ ကျောင်းဝင်းထဲကထွက်လာခဲ့တယ်
သူမမြင်နိုင်မယ့်အရှိန်နှုန်းတစ်ခုနဲ့
သူမြင်ရင်တောင်မလိုက်နိုင်မယ့် ခြေလှမ်းသွက်သွက်တွေနဲ့
ကျောင်းကနေအိမ်ကို လမ်းလျှောက်ရတော့ အချိန်ကြာသလို ပိုလည်းပင်ပန်းတယ်
YOU ARE READING
Fool's Paradise
FanfictionThis fic is written in both Unicode and Zawgyi Unicode အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေတစ်ခုကိုဘယ်တော့မှမစောင့်ခဲ့ဘူး...... Zawgyi အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေ...