Unicode (zawgyi below)
Jungwoo's POV
"Hyungg"
Hyung ဆိုတဲ့ခေါ်လာရာဘက်ကိုကျွန်တော်စက်ဘီးအနောက်ဘက်မှာထိုင်နေရာကနေလှည့်ကြည့်လိုက်မိတယ်
ညီတစ်ယောက်ရှိတယ် ဆိုပြီး Lucas ဆီကကြားဖူးပေမယ့် တစ်ခါမှမတွေ့ခဲ့ဖူးဘူး
အခုတော့ ဒီကောင်လေးကိုကျွန်တော်ပထမဆုံးမြင်ဖူးတာပဲ
ဝုန်းဒိုင်းကျဲနေတဲ့အိမ်ထဲကပြေးထွက်လာတဲ့ Lucas
ရဲ့ညီလေးက သူပြောသလိုပဲ အသက်တော်တော်ငယ်သေးတဲ့ပုံပါပဲ။ Lucas က ၁၉ နှစ်ဆိုရင် ဒီကောင်လေးက အလွန်ဆုံးရှိမှ ၁၂ နှစ်လောက်ပဲရှိလိမ့်မယ်
Lucas ကထွားသလောက် သူ့ညီလေးကသေးသေးလေး
နေရောင်အောက်မှာထင်းနေတဲ့ကောင်လေးရဲ့မျက်လုံးအောက်ဘက်ကအညိုရောင်အကွင်းလိုက် ၊ ညိုမဲနေသောမျက်ကွင်းတို့
ကောင်လေးက အိမ်ထဲကသောင်းကျန်းမှုတွေကိုစိတ်ညစ်နေတာထက်တုန်လှုပ်နေပုံရတယ်
"Hyunggg!!"
"အိမ်ထဲမှာမနေနိုင်တော့ရင် Jeno အိမ်သွားနေမလား"
"အင်း! အခုပဲသွားမလို့"
"အေး ငါလည်း ညမိုးချုပ်မှပြန်လာမယ်"
မိုးချုပ်မှပြန်လာမယ်ဆိုတဲ့စကားနဲ့သာ သူတိူ့ ၂ ယောက် စကားပြောတာကို အဆုံးသတ်လိုက်ကြပြီး Lucas ကလည်းစက်ဘီးကိုဆက်နင်းသွားသလို သူ့ညီလေးကလည်းအိမ်ထဲပြန်မဝင်ဘဲ ဟိုဘက်ကိုထွက်သွားတာတွေ့လိုက်ရတယ်
"Lucas"
"....."
"ငါလည်းမိုးချုပ်မှအိမ်ပြန်မယ်"
"ဘာာ?!"
"တကယ်ပြောနေတာ မင်းသွားသမျှနေရာအကုန်ငါလိုက်မယ်"
"မင်းအိမ်ပြန်နောက်ကျလို့ဖြစ်လို့လား"
"ဖြစ်တယ်"
"အဲ့ဒါဆိုရင်လည်းလိုက်ခဲ့လေ"
"ဒါနဲ့ မင်းညီလေးကနေမကောင်းဘူးလား သူ့ကြည့်ရတာ မျက်နှာကမလန်းလိုက်တာ"
"သူ့မှာက မွေးရာပါနှလုံးရောဂါရှိတယ်လေ"
"ဟမ်! တကယ်လား"
YOU ARE READING
Fool's Paradise
FanfictionThis fic is written in both Unicode and Zawgyi Unicode အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေတစ်ခုကိုဘယ်တော့မှမစောင့်ခဲ့ဘူး...... Zawgyi အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေ...