Unicode (zawgyi below)
Lucas' POV
ကျွန်တော် ကျောင်းဆင်းတော့ ချက်ချင်းမပြန်သေးဘဲကျွန်တော့်ရဲ့စက်ဘီးနားမှာရပ်ရင်း Jaemin ကိုစောင့်နေမိတယ်
ဒီနေ့ကကျွန်တော်သူ့ကိုဖွင့်ပြောမယ်ဆိုပြီး စီစဉ်ထားတဲ့ရက်ဖြစ်နေလို့ သူကျောင်းဆင်းတာကိုကျွန်တော်လွတ်လို့မဖြစ်ဘူး
စက်ဘီးနားမှာရပ်နေရင်းနဲ့ ကျောင်းတံခါးထဲကနေဆက်တိုက်ဆိုသလိုထွက်လာကြတဲ့ ကျောင်းသားတိုင်းကိုကျွန်တော်မျက်စိထောင့်ထောက်ကြည့်နေမိတယ်သူ့ကိုစောင့်နေရင်းနဲ့ ငါသူ့ကိုဖွင့်ပြောလိုက်ရင်အဆင်ပြေပါ့မလားဆိုတဲ့အတွေးကအလိုလိုဝင်လာတယ် သို့သော်လည်းကျွန်တော့်စိတ်ထဲလေးလံနေတာမျိုးတော့ဖြစ်မနေဘူး
သူ့ကိုစောင့်ရင်းနဲ့ဝင်လာတဲ့အတွေးတွေထဲကမှာ အတိတ်ကပုံရိပ်တစ်ချို့ကပါ ကပ်ပါလာတယ်
"Jungwoo ရဲ့စာအုပ်ကျန်ခဲ့တာပဲ"
Jaemin ရဲ့စကားကြောင့် ဘောလုံးကန်ရင်းကနေ စာသင်ခန်းထဲက Jungwoo ဆီကိုလာတဲ့ကျွန်တော်က သူထွက်သွားပြီဆိုတာကိုသိလိုက်ရတော့ ဘာမှမတတ်နိုင်တော့တဲ့သဘောမျိုးနဲ့ စိတ်ညစ်မိသွားတယ်
Jungwoo ဆီလာရတဲ့အကြောင်းရင်းကတော့ တစ်နေ့ကခေါင်မိုးပေါ်မှာ ငိုရင်းနဲ့ကျွန်တော်ဉာဏ်မမီတဲ့မေးခွန်းတွေကိုဆက်တိုက်မေးသွားတဲ့ သူ့ကို ကျွန်တော်မမှားပေမဲ့လည်းချော့ဖို့လာခဲ့တာဖြစ်တယ်
ကျွန်တော်ရောက်တော့သူကစောထွက်သွားပြီဖြစ်တယ်
"ငါ့ကိုပေး ငါသူ့အိမ်ကိုလိုက်ပေးလိုက်မယ်"
ကျွန်တော်က Jaemin ဆီကနေ Jungwoo စာအုပ်ကိုတောင်းတော့ သူကမပေးဘဲ သူ့အိတ်ထဲကောက်ထည့်လိုက်တယ်
ကျွန်တော်ရင်ထဲမှာတင်းခနဲဖြစ်သွားပြီးတစ်ခုခုကိုအလိုမကျဖြစ်သွားတယ် အမှန်အတိုင်းဝန်ခံရရင် ကျွန်တော် Jungwoo နဲ့ Jaemin ကိုအတူရှိနေတာကိုမကြိုက်ဘူး အတူလည်းရှိမနေစေချင်ဘူး"မင်းကသူ့အိမ်သိလို့လား"
"သိတာပေါ့ ငါ့ကိုတစ်ခါ Ko Eun ပြောပြဖူးတယ်"
"အင်း ဒါဆိုလည်း bye"
ကျွန်တော် စိတ်အလိုမကျမှုတွေနဲ့အတူ ထွက်လာခဲ့ပြီး ကျောင်းအပြင်ဘက်တံတိုင်းကိုမီရင်းရပ်နေမိတယ်
YOU ARE READING
Fool's Paradise
FanfictionThis fic is written in both Unicode and Zawgyi Unicode အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေတစ်ခုကိုဘယ်တော့မှမစောင့်ခဲ့ဘူး...... Zawgyi အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေ...