21 - The district beyond my heart

256 41 0
                                    

Unicode  (zawgyi below)

Jungwoo's POV

တိတ်ဆိတ်လွန်းတဲ့အမှောင်ထုထဲမှာကျွန်တော်တစ်ခုခုကြောင့်ရုန်းကန်နေသလိုရှိတယ်

ကျွန်တော့်ရဲ့လက်ဖျားတွေဟာအေးစက်နေပြီး ချွေးစေးတွေနဲ့စေးကပ်နေတယ် ကျွန်တော်ဒီအမှောင်ထုထဲကနေဘယ်လိုရုန်းထွက်ရမလဲ ကန်ထွက်ရမလဲ ကျွန်တော်တွေးနေမိပေမဲ့ ဆက်တိုက်ဆိုသလိုကြားနေရတဲ့စကားလုံးတွေကိုကျွန်တော်သေသေချာချာနားထောင်နေမိတယ်

"haha မင်းကအဲ့လိုပြောတယ်ပေါ့?"

ကျွန်တော့်ရဲ့မတတ်တခေါက် နည်းနာတွေနဲ့ပြောနဲ့စကားကိုသူကရယ်ခဲ့တယ် ကျွန်တော်ပြောလိုက်တာက
"ချစ်သူတွေကကြယ်တွေခူးပေးမယ်လို့ပြောလေ့ပြောထရှိတာကိုငါမကြိုက်ဘူး ဖြစ်မှမဖြစ်နိုင်တာလေ ကြယ်တွေကြွေရင်အတူဆုတောင်းမယ်ဆိုရင်တောင်ဟုတ်တုတ်တုတ်ရှိသေးတယ်"

ကျွန်တော်သူဆက်ပြောမယ့်စကားတွေအတွက်ငြိမ်သက်ပေးနေမိတယ်

"သူတို့ပြောတာမမှားဘူး မမှားတဲ့စိတ်ကူးယဉ်ဆန်မှုတွေပဲ"

"ဘာလို့လဲ"

"မင်းထီပေါက်ချင်ရင်ထီထိုးရမယ် ဒါပေမဲ့မင်းထီပေါက်ချင်မှပေါက်မှာ  ။ ကြယ်တွေကဂြိုဟ်တွေပဲ ပူလောင်တယ် ပူလောင်တဲ့အရာတစ်ခုကိုရဖို့မင်းအရင်ဆုံးနာကျင်ရတဲ့အချစ်နဲ့တော့အရင်တွေ့ဆုံရမှာပဲ ပြီးရင်နာကျင်နေရင်း ပေးဆပ်နေရင်းနဲ့ အချစ်အတွက်ကြောင့်နဲ့သေဆုဲးခဲ့ရင် မင်းကကောင်းကင်ပေါ်ကကြယ်တစ်ပွင့်ဖြစ်နေလိမ့်မယ် ဒါက မင်းသူ့အတွက်ကြယ်တွေကိုခူးယူပေးလိုက်တာပဲ မဟုတ်လား"

သူ့အတွက်နဲ့ကြယ်တစ်ပွင့်ဖြစ်ဖို့ကျွန်တော်ထိုက်တန်နေပြီလား ကျွန်တော်ကိုယ်တိုင်ပြန်မေးနေမိတယ် ကျွန်တော်ထိုက်တန်နေပြီပေါ့ သူကသာမသိတာ ကျွန်တော့်ရင်ဘတ်ထဲမှာ အလေးချိန်စီးလွန်းတဲ့ နာကျင်မှုအလေးတုံးတွေချည်းနဲဲ့ပြည့်နေခဲ့တာ

"ဒါပေမဲ့ အဲ့လိုနည်းနဲ့မင်းကြယ်ခူးပေးလိုက်ပြီဆိုရင်တောင်မှ မင်းအလုပ်မပြီးသေးဘူး"

"ဘာလို့လဲ"

လရောင်ကကျွန်တော်တို့နှစ်ယောက်လုံးပေါ်ကိုဖြာကျနေတယ်

Fool's Paradise Where stories live. Discover now