Unicode (zawgyi below)
Lucas' POV
ကျွန်တော်သိပ်မှားသွားခဲ့ပြီဆိုတာသိလိုက်ရတဲ့အချိန်မှာ ကျွန်တော့်အရှေ့က Jungwoo ကမျက်ရည်တွေထဲကဆွဲမထုတ်နိုင်အောင်ကိုနစ်မြုပ်နေခဲ့ပြီ
ကျွန်တော့်စကားတွေကို သူ့ရင်ထဲကနေပြန်ဆွဲထုတ်လို့မရတော့ဘူးဆိုတာကျွန်တော်သိလိုက်ရတယ်
ကျွန်တော်မှားသွားမှန်းသိလိုက်တဲ့အခါမှာ ကျွန်တော့်ခြေထောက်တွေယိုင်နဲ့လာခဲ့တယ်
ကျွန်တော် Jungwoo ရှေ့မှာရပ်နေဖို့ အားမရှိတော့အောင်ကိုယိုင်နဲ့ခဲ့တာ။ မျက်ရည်တွေနဲ့ငိူနေတဲ့ Jungwoo ကတော့ကျွန်တော့်ရှေ့မှာဘယ်လိုအင်အားတွေနဲ့ရပ်နေလဲ ကျွန်တော်မသိတော့ပါ သူကျွန်တော့်အတွက်ဆို ဘယ်ကအင်အားတွေကိုမွေးနေခဲ့တာလဲ
"ဒါ.... ဒါပေမယ့် ... *sob* မင်း ... ငါအခုပြောတဲ့စကားတွေကိုမမေ့လိုက်ပါနဲ့ .... ကျေးဇူးပြုပြီး .... *sob* မမေ့ပစ်လိုက်ပါနဲ့"
သူရှိုက်ကြီးတငင်နဲ့ ပြောလာတယ် သူ့ရဲ့စကားတွေကိုမမေ့ဖို့။
ကျွန်တော်ကရော သူ့ကိုပြောခဲ့တဲ့ စကားလုံးကြမ်းကြမ်းတွေကို မေ့နိုင်ပါ့မလား? သူလည်းမေ့န်ုင်မယ်မထင်ဘူး သိပ်ကိုနာကျင်စေမယ့်စကားတွေကိုသူမေ့ပျောက်ဖို့မကြိုးစားဘဲ သူပြောခဲ့တဲ့စကားတွေကို မမေ့ပစ်ဖို့ကျွန်တော့်ကိုအသည်းအသန်တောင်းဆိုနေခဲ့တယ်
"မင်းရဲ့စကားတွေကိုမမေ့ဘဲ ငါတို့အရင်လိုပြန်နေဖို့ခံစားချက်တွေကကြောင်စီနေလိမ့်မယ် ဒါကိုမင်းနားမလည်ဘူးလား မင်းကငါနဲ့အရင်လို လွတ်လွတ်လပ်လပ်မနေချင်တော့တာလား"
မှားပြီးရင်းထပ်မှားနေတဲ့ကျွန်တော်က မပြောသင့်တဲ့စကားတွေကို ထပ်ပြောနေမိတယ်
သူ့ရဲ့မျက်ရည်တွေကို အကုန်စင်အောင်ကျဆင်းလာအောင် ကျွန်တော်ပြောနေမိသလိုဖြစ်နေလား
ငယ်ငယ်ကတည်းက Jungwoo ကသိပ်နူးညံ့ပြီး အထိမခံနိုင်အောင်ထိရှလွယ်လွန်းတာ။ ဒါကိုကျွန်တော်သိလျက်နဲ့ သူ့ကိုဆက်တိုက်ခိုက်နေမိသလိုပဲ။ တစ်ခါငိုရင် တစ်မေ့တစ်မောငိုတတ်တဲ့ကလေးတစ်ယောက်ကို ကျွန်တော်စကားတွေနဲ့ထပ်ခြောက်လှန့်နေမိခဲ့တယ်
YOU ARE READING
Fool's Paradise
FanfictionThis fic is written in both Unicode and Zawgyi Unicode အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေတစ်ခုကိုဘယ်တော့မှမစောင့်ခဲ့ဘူး...... Zawgyi အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေ...