25- The enthusiastic finding from my heart

191 32 0
                                    

Unicode (zawgyi below)

Jungwoo's POV

ကျောင်းစာကြည့်တိုက်ဟာ ကျွန်တော့်ရဲ့ပထမဆုံးသော ပစ်မှတ်နေရာဖြစ်လို့လာတယ်
ကျွန်တော်ဒီနေ့အတွက် Lucas ကိုရှာဖို့နေရာ ၅ နေရာသာရှိတယ် ပထမဆုံးနေရာကတော့ကျောင်းစာကြည့်တိုက်ဖြစ်ပြီး ဒုတိယဆက်သွားရမယ့်နေရာကတော့ ဘောလုံးကွင်းသာဖြစ်တယ်

သူ့ကိုကျွန်တော့်ရဲ့ခံစားချက်ကြိုးမျှင်တစ်ပိုင်းတစ်စလောက် ပြသပြီးရင် ကျွန်တော်ကအရင်ရှောင်နေတတ်တယ် မထင်မဲ့မြင်နေတတ်တဲ့သူကကျွန်တော့်ကိုကွယ်ရာမှာလှောင်ပြောင်နေနိုင်မလား သူကျွန်တော်ပြောတာတွေကို ဘယ်လိုတုန့်ပြန်နေနိုင်မလဲဆိုတဲ့ ကျွန်တော့်ရဲ့အတွေးတွေက သူနဲ့ပိုဝေးစေခဲ့တာဖြစ်တယ်

သူ့ရဲ့အေးစက်စက်နဲ့ လှောင်ပြောင်တတ်တဲ့အမူအကျင့်တွေဟာ ကျွန်တော့်ရဲ့လေးနက်တဲ့ခံစားချက်တွေကိုဖဲ့ပြီးလွှတ်ပစ်နေနိုင်တာကိုကျွန်တော်တွေးမိလို့ သူ့ကိုကျွန်တော်ရှောင်ခဲ့တယ်

ကျွန်တော်ကတော့ ကျွန်တော့်ရဲ့နှလုံးသားကိုမနာကျင်စေဖို့ သူ့ရဲ့လှောင်ပြောင်သရော်တဲ့အမူအရာတွေကိုအမြင်မခံဘဲရှောင်ကွင်းရင်းနဲ့  ကိုယ့်နှလုံးသားကိုယ်ကာကွယ်ခဲ့တာဖြစ်တယ်

ဒီနာကျင်စေတဲ့အရာတွေကျွန်တော့်နှလုံးသားထဲကိုဝင်မလာစေဖို့ သံဆူးကြိုးနဲ့ခတ်ပြီးလုံခြုံရေးချခဲ့ပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော်ကသာနာကျင်နေရတာဖြစ်တယ်

နှလုံးသားတစ်လျှောက်ရစ်ပတ်ထားတဲ့ သံဆူးကြိုးရဲ့နာကျင်မှုကို Lucas ဆီကနာကျင်ဖွယ်အပြုအမူတွေကိုမရခင်ကတည်းကအရင်ခံစားနေတယ်

ကျွန်တော်က ကိုယ့်ကိုယ်ကိုကာကွယ်သလိုလိုနဲ့ နာကျင်အောင်အရင်လုပ်နေတဲ့သုပဲဖြစ်တယ်

သူ့ကိုမှမမြင်ရရင်ဆိုတဲ့စိတ်နဲ့ ပြေကျသွားတဲ့ နှလုံးသားကသံဆူးကြိုးတွေဟာ နှလုံးသားမှာအပေါက်တွေအများကြီးချန်ခဲ့လို့.....
ကျွန်တော်ကတော့ ရင်နာနာနဲ့ပဲ သူ့ကိုလိုက်ရှာနေရတယ်

စာကြည့်တိုက်ထဲမှာတော့ လုပ်အားပေးကျောင်းသားတစ်ချို့နဲ့ အပြည့်ထားထားတဲ့စာအုပ်စင်တွေသာရှိတယ် စာအုပ်ငှားရမ်းတဲ့နေရာ စာရင်းသွင်းတဲ့နေရာမှာကျွန်တော်အရင်ကြည့်တော့ တာဝန်ရှိသူ ဆရာမတစ်ယောက်ကလွဲရင်ဘယ်သူမှရှိမနေဘူး

Fool's Paradise Where stories live. Discover now