35- The secret heartbeat from my heart

224 30 0
                                    

Unicode (Zawgyi below)

Jungwoo's POV

~ ငါမင်းစားချင်တဲ့မုန့်တွေဝယ်လာပြီးရင်ဒီကိုပြန်လာမှာမို့ ဒီမှာအဲစောင့်နေ~

ဒီစကားကိုကျွန်တော်ကြားခဲ့တာအချိန်တစ်ခုတော့ကြာပြီ အတိအကျမပြောနိုင်တဲ့ကြာချိန်တစ်ခုအတွင်း ကျွန်တော့်ကိုစောင့်ခိုင်းခဲ့လို့ ငြိမ်ငြိမ်လေးစောင့်နေမိတယ်

ကျွန်တော့်မျက်စိရှေ့မှာတော့ လူတွေအများကြီးကဖြတ်သန်းသွားလာနေတယ်

ကျွန်တော့်ကိုစောင့်နေဖို့ပြောခဲ့တဲ့စကားကိုကျွန်တော်မှတ်မိနေတယ် ဒါ့ကြောင့်လည်းကျွန်တော်စောင့်နေတာဖြစ်တယ်
ဒါပေမဲ့ ကျွန်တော့်ကိုစောင့်ခိုင်းခဲ့တဲ့လူကဘယ်သူဆိုတာကိုတော့ကျွန်တော်မမှတ်မိတော့ဘူး

ဟုတ်တယ်
ကျွန်တော့်ကိုဒီမှာဘယ်သူကစောင့်ခိုင်းခဲ့တာလဲ

ကျွန်တော့်မျက်လုံးထဲမြင်နေရတဲ့လူတွေအားလုံးထဲကတစ်ယောက်ယောက်ကကျွန်တော်ကိုစောင့်ခိုင်းခဲ့တာ ထင်တယ် ဒါပေမဲ့မသေချာဘူး ဒီလောက်လူအများကြီးထဲ ကျွန်တော့်ကိုစောင့်ခိုင်းခဲ့တာသူပါလို့ ဘယ်သူ့ကိုစွပ်စွဲမလဲ

ကျွန်တော်ထိုင်နေရာကနေထလိုက်တယ်

အချိန်အတော်ကြာတဲ့အထိ ကျွန်တော်စောင့်ခဲ့ပြီးပြီ ပြန်လာမယ်ဆိုတဲ့လူကလည်းကျွန်တော့်ရှေ့ကိုရောက်မလာသေးဘူး

ကျွန်တော့်ကိုစောင့်ခိုင်းခဲ့တဲ့သူကိုတောင်မမှတ်မိတဲ့အခါမှာ ကျွန်တော်ကဘာလုပ်ဖို့ဒီမှာထိုင်ပြီးစောင့်နေတော့မှာလဲ ကျွန်တော်သူ့ကိုရှာဖို့လိုနေပြီလား

အချိန်အတော်ကြာတဲ့အထိကျွန်တော့်ဆီပြန်မလာတဲ့သူကြောင့် ကျွန်တော်လိုက်ရှာဖို့လိုနေပြီ သူ့ကိုမှမရှာနိုင်ရင်ကျွန်တော်ဘယ်သွားရမလဲ ကျွန်တော်အိမ်ပြန်လမ်းမသိဘူး

မမှတ်မိတဲ့လူတစ်ယောက်ကိုကျွန်တော်ရှာမှဖြစ်မယ် ကျွန်တော်အိမ်ပြန်ပြီးနားချင်တယ်

ကျွန်တော်ခုံတန်းကိုစွန့်ခွာပြီး ခြေလှမ်းတွေစတင်ခဲ့တယ် တွေ့နေရတဲ့လူတွေရဲ့မျက်နှာက ကျွန်တော်နဲ့ရင်းနှီးသလိုလို မရင်းနှီးသလိုလိုနဲ့။ မြင်ကွင်းထဲမှာ မျက်မှာပေါင်းများစွာဝင်ရောက်လာတု့အချိန်မှာ လူကလည်နေပြီ
ဒီလူအုပ်ထဲမှာပဲ သူရှိနေမှာမလား သူကဘယ်မှာလဲ ကျွန်တော့်ကိုစောင့်ခိုင်းခဲ့တဲ့လူ

Fool's Paradise Where stories live. Discover now