Unicode (zawgyi below)Jungwoo's POV
"မင်းအဆင်ပြေရဲ့လား"
"အင်း ခေါင်းတွေကိုက်နေတာကလွဲလို့"
"ဒါဘယ်နေရာလို့ထင်လဲ"
Lucas ရပ်လိုက်တဲ့နေရာကို ကျွန်တော်ကြည့်လိုက်ပြီး
"ဟင့်အင်း"
ဟုတ်တယ်လေ
နောက်ဖေးလမ်းကြားဆန်ဆန်နေရာမျိုးကိုရောက်လာပြီးမှဒါဘယ်နေရာဆိုတာကျွန်တော်ကဘယ်လိုလုပ်သိမှာလဲ? သူရပ်လိုက်တဲ့နေရာကတိုက်ကြီးတစ်တိုက်ဖြစ်ပြီး ရေညှိတချို့လည်းတက်နေတယ်။ တိုက်နံရံကိုမှီလျက်ထောင်ထားတဲ့ လှေကားတစ်ခုရှိတယ်
အဲ့လှေကားကို Lucas ကခြေတစ်လှမ်းလှမ်းလိုက်တယ်
"မင်းဒီပေါ်ကိုတက်မလို့လား"
"အင်း လိုက်တက်ခဲ့"
သူကအရှေ့ကတက်ပြီးကျွန်တော်ကသူ့နောက်ကနေလိုက်တက်ခဲ့တယ်
သူကအရင်ဆုံးတက်ပေါ်ရောက်သွားပြီး တိုက်ပေါ်ရောက်ဖို့လှေကားထစ် ၃ ၄ ထစ်လောက်ကျန်နေသေးတဲ့ကျွန်တော့်ကိုတိုက်ပေါ်ကနေလက်တွဲခေါ်ခဲ့တယ်
သူကတော့တက်နေကျမို့ သွက်သွက်လက်လက်တက်သွားနိုင်ပေမယ့် ကျွန်တော်ကတော့ လှေကားထစ်တစ်ထစ်ချင်းဆီကို တုန်ယင်စွာနဲ့တက်ခဲ့ရတယ်
Lucas လက်ကိုကျွန်တော်လှမ်းဆွဲလိုက်ပြီး သူကကျွန်တော့်လက်ကိုတင်းကြပ်နေအောင်ပြန်ကိုင်ကာ တိုက်ပေါ်ကိုဆွဲတင်လိုက်တယ်
ကျွန်တော် တိုက်ပေါ်ကိုရောက်လို့ မတ်တပ်ရပ်လိုက်တဲ့အချိန်အရမ်းတုန်လှုပ်မိသွားတယ်
ကျွန်တော်ခြေမခိုင်တော့သလိုခံစားလိုက်ရတယ်
ကျွန်တော်တို့ အခုအကာအရံမရှိတဲ့ တိုက်ခေါင်မိုးပေါ်ရောက်နေကြတာဖြစ်တယ်။
ကျွန်တော်ဘယ်တော့ကမှ တိုက်ခေါင်မိုးပေါ်ကိုမတက်ခဲ့ဖူးဘူး ဒါဟာကျွန်တော့်အတွက်ပထမဆုံးအကြိမ်ပဲ
"လာ! ငါတို့ဟိုဘက်တိုက်ပေါ်ကိုခုန်ကူးမယ်"
Lucas ကကျွန်တော့်လက်ကိုတွဲပြီးပြောလာတယ်။ ချက်ချင်းပဲ ကျွန်တော့်သူ့လက်ထဲကရုန်းလိုက်ပြီး
YOU ARE READING
Fool's Paradise
FanfictionThis fic is written in both Unicode and Zawgyi Unicode အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေတစ်ခုကိုဘယ်တော့မှမစောင့်ခဲ့ဘူး...... Zawgyi အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေ...