Unicode (zawgyi below)
Jungwoo's POV
At night
25 Jan 2019
ရက်စွဲတစ်ခုကို ကျွန်တော် diary စာအုပ်ရဲ့စာမျက်နှာအသစ်မှာ စာရွက်အတော်များများချိုင့်ဝင်သွားတဲ့အထိ ဖိပြီးရေးလိုက်မိတယ်
ဒီရက်စွဲကိုလေ ကျွန်တော်တခြားရက်စွဲတွေနဲ့မတူဘဲ သေချာလေးလေးနက်နက်တပ်လိုက်တာ ရေးလိုက်တာ ကျွန်တော်ထပ်ပြီးတော့မမေ့လောက်တော့ပါဘူး
~ သူ့ရဲ့မွေးနေ့မှာ ကျွန်တော့်အရှေ့မှာပဲမွေးနေ့ကိတ်ခွဲတယ် ပျော်စရာကြီးပေါ့ ကျွန်တော်လည်းသူ့ကိုသိပ်တွေ့ချင်နေခဲ့တာလေ ကျွန်တော်သူ့ဆီမလာနိုင်ခင်မှာ သူကကျွန်တော့်ဆီကိုရောက်လာခဲ့တာပျော်စရာကြီးပေါ့ ရောက်လာတဲ့နေ့ကလည်း သူ့မွေးနေ့တဲ့လေ ဝမ်းနည်းစရာကောင်းတာက ကျွန်တော်ဟာ သူ့မွေးနေ့ကိုလုံးဝဥဿုံမေ့နေခဲ့တာပဲဖြစ်တယ် အရေးကြီးလွန်းတဲ့ရက်စွဲတစ်ခုကိုကျွန်တော်မေ့ရက်တယ် အနီရောင်ဝိုင်းထားရတဲ့ရက်စွဲတစ်ခုကိုကျွန်တော်မေ့ရက်တယ်
တကယ်တမ်းကျတော့ ကျွန်တော်ကမေ့ရက်တာမဟုတ်ဘဲ ကျွန်တော့်မှတ်ဉာဏ်ထဲကနေဆွဲထုတ်ခံသွားရတာဖြစ်တယ်~~ သူ့ရဲ့ပျော်ရွှင်ဖွယ်မွေးနေ့လေးမှာ ကျွန်တော်ကသိပ်ဝမ်းနည်းနေရတယ် သူ့မွေးနေ့ကိုကျွန်တော်မေ့သွားရလေခြင်းဆိုတဲ့စိတ်နဲ့ သူနဲ့အတူပျော်ရွှင်မှုတွေမမျှဝေနိုင်ဘူးဖြစ်နေတယ် သူဖယောင်းတိုင်တွေထွန်းနေတဲ့အချိန်မှာ ကျွန်တော်ကတော့ ကလေးတစ်ယောက် ရက်စွဲလေးတစ်ခုစာမျက်နှာရဲ့ထိပ်မှာတပ်နိုင်ဖို့သင်နေရသလိုပဲ တတွတ်တွတ်နဲ့သူ့မွေးနေ့ကိုရွတ်ရင်းကျက်နေရတယ် ~
~ မွေးနေ့ကိုဆွဲထုတ်သွားရုံနဲ့အားမရတဲ့ရောဂါက သူ့ရဲ့နာမည်ကိုပါ ဒီနေ့မှာဆွဲထုတ်သွားတယ် အတင်းဖက်ထားတဲ့အရာတွေကိုမှဆွဲလုခံရတော့ အပွန်းအပဲ့တွေများသွားလို့လားမသိဘူး ကျွန်တော်သူ့ရှေ့မှာတင်မျက်ရည်တွေစီးကျလာတယ် တောင့်မခံနိုင်ဘဲကျလာတဲ့မျက်ရည်တွေကြောင့်ကျွန်တော်ရှက်မနေဘူး မလုံမလဲလည်းဖြစ်မနေဘူး ကျွန်တော့်ရဲ့မျက်ရည်တွေကို သူ့အရှေ့မှာဒီအတိုင်းလွှတ်ပေးထားလိုက်တယ် သူကတော့ဘာမှမသိတဲ့လူတစ်ယောက်ပီပီငေးကြည့်တယ် ကျွန်တော့်မျက်ရည်တွေကိုလေ..~
YOU ARE READING
Fool's Paradise
FanfictionThis fic is written in both Unicode and Zawgyi Unicode အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေတစ်ခုကိုဘယ်တော့မှမစောင့်ခဲ့ဘူး...... Zawgyi အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေ...