10-The root at the bottom of my heart

321 51 0
                                    

Unicode (zawgyi below)

Jungwoo's POV

"မင်း Koeun ကိုစာပေးလိုက်ပြီလား"

ကျွန်တော့်နားထဲကိုအရမ်းရင်းနှီးတဲ့စကားသံတစ်ခုဝင်လာခဲ့တယ်

ဒီမေးခွန်းဟာ ကျွန်တော်အရင်ကကြားခဲ့ဖူးတဲ့မေးခွန်းတွေလို ဘယ်ဘက်နားကဝင်ပြီး ညာဘက်နားကပြန်ထွက်သွားခဲ့တဲ့မေးခွန်းမဟူတ်ခဲ့ဘူး ဘယ်ဘက်နားကဝင်လာခဲ့ပြီး ကျွန်တော်ဦးနှောက်ထဲမှာကိန်းအောင်းနေခဲ့တဲ့မေးခွန်းဖြစ်ခဲ့တယ်

ရင်းနှီးဖူးတဲ့အသံနဲ့မေးလာတဲ့မေးခွန်းကိုကျွန်တော်ကြားပြီးတဲ့နောက်မှာ ကျွန်တော်အလန့်တကြားထထိုင်မိတယ်။

ရင်ဘတ်ထဲမှာ ထိတ်လန့်မှုကြောင့် တဒိန်းဒိန်းနဲ့တုန်နေတဲ့နှလုံးနေရာကိုကျွန်တော်လက်နဲ့ဖိလိုက်မိတယ်

ကျွန်တော့်ဘေးမှာ စောနကကျွန်တော်ကြားလိုက်ရတဲ့မေးခွန်းကိုမေ့တဲ့သူလည်းရှိမနေသလိူ အရာအားလုံးဟာတိတ်ဆိတ်လွန်းနေတယ်

အလန့်တကြားနဲ့နာရီကိုလှည့်ကြည့်လိုက်တော့ မနက် ၁ နာရီ။

တော်သေးတာပေါ့

ကျွန်တော်အိပ်မက်မက်နေခဲ့တာ

Lucas ကျွန်တော့်နားမှာရှိမနေခဲ့တာပဲကျွန်တော်ကျေးဇူးတင်ပါတယ်

ဒါဟာအိပ်မက်ဖြစ်နေခဲ့လို့ကျေးဇူးတင်ပါတယ်

နောက်တစ်ကြိမ်ထပ်ကြားရရင် ဒီမေးခွန်းကိုငါဘယ်လိုဖြေရမလဲ စဉ်းစားပြီးတွေးပူနေခဲ့တာ ကျွန်တော် ၅ ရက်လောက်ရှိခဲ့ပြီ

အိပ်မက်မဟုတ်တဲ့ လက်တွေ့ဘဝမှာသူဒီမေးခွန်းကိုနောက်တစ်ကြိမ်မေးတုန်းကလည်း ကျွန်တော်ဖြေဖို့နှောင့်နှေးနေခဲ့တယ်

လိမ်ညာတဲ့အဖြေဖြစ်လို့ကျွန်တော့်စကားသံတွေထစ်နေခဲ့ဖူးတယ်

ငါချစ်ရတဲ့ မင်း အတွက်နဲ့ ၊ မင်းချစ်တဲ့သူ့ကိုငါစပြီးမုန်းလာခဲ့တယ် လို့လည်းမပြောခဲ့သလို မင်းတစ်ဆင့်ပေးခိုင်းတဲ့ရည်းစားစာကို ငါဖောက်ဖတ်ခဲ့တယ်ဆိုတာလည်းကျွန်တော်မပြောခဲ့ပါဘူး

သူ ဒီမေးခွန်းကိုပထမဆုံးမေးတဲ့အချိန်မှာပေါ့

သူ့ကိုလုံးဝဝန်မခံနိုင်တဲ့အဖြစ်တွေထဲကမှ အမှန်တရားအဖြစ်ပေါ်သွားမှာကိုသိပ်ကြောက်နေခဲ့ရတဲ့အဖြစ်ကတော့......

Fool's Paradise Where stories live. Discover now