38- The endless howling of my heart

209 27 0
                                    

Unicode ( Zawgyi below)

Lucas' POV

"မင်းသိတာကြာပြီမလား"

Jaemin က Jungwoo ကိစ္စကိုသိသိကြီးနဲ့အကြောင်းမကြောင်းရကောင်းမလားဆိုတဲ့လေသံနဲ့နှောပြီးမေးတယ်   

"မသိဘူး သူအဲ့ရောဂါဖြစ်နေတာကိုငါစသိတဲ့အချိန်ကိုငါသိပ်မုန်းလို့မမှတ်ထားဘူး"

ကျွန်တော့်ဘက်ကအတတ်နိုင်ဆုံး ရိုးသားတဲ့အဖြေကိုပေးလိုက်တယ်

"ငါလည်းသိထားပေမဲ့ ချက်ချင်းရောက်မလာနိုင်တာက ငါရင်းနှီးတဲ့သူမဟုတ်တဲ့ သူ့ရဲ့ပုံစံကိုမမြင်နိုင်လို့  မြင်ဖို့လည်းခြေမှမခိုင်တာ"

ကျွန်တော်တို့က Jungwoo အပေါ်ဘယ်လိုတွေမေတ္တာရှိကြသလဲမသိပေမဲ့ သူရော ကျွန်တော်ရောနာကျင်ရတာတွေ နာကျည်းရတာတွေကခပ်ဆင်ဆင်တူနေကြတယ်

"ဒါနဲ့"

ကျွန်တော်လက်ထဲကကော်ဖီကိုသောက်ရင်းနဲ့ ရင်မတုန်စဖူးတုန်လာတယ်
အင်း နှလုံးသားကိုခိုင်းတာများနေပြီထင်ပါတယ် နာကျင်ခိုင်းတာတွေ နောင်တတွေနဲ့အပြစ်ကြီးတွေသယ်ခိုင်းထားရတော့ အရင်ကော်ဖီဆိုရင်ကြိုက်သလောက်သောက်နိုင်တဲ့သူကအခုတော့တစ်ဝက်လောက်နဲ့တင် ရင်တုန်နေရပြီ

"မင်းဘာလို့ Jungwoo ကိုဖွင့်မပြောခဲ့တာလဲ"

ကျွန်တော်သောက်လက်စကော်ဖီကိုနှုတ်ခမ်းဝကနေပြန်ချလိုက်တယ်
ကျွန်တော်အားရပါးရကြီးငြင်းပစ်လိုက်ချင်တယ် ကျွန်တော်က Jungwoo ကိုချစ်နေတာမဟုတ်ဘူးလို့ငြင်းချင်နေသေးတယ်

"ဘာကိုလဲ"

"မင်းဖွင့်မပြောခဲ့တာကို မင်းအခုချိန်မှာဂုဏ်ယူနေသေးတာလား Lucas"

ရိုးရှင်းလွန်းတဲ့မေးခွန်းတစ်ခုကိုကျွန်တော်လွယ်လွယ်နဲ့အမှတ်မယူနိုင်ခဲ့ပြန်ဘူး
ကျွန်တော့်ကိုဒီစကားကတော်တော်လေးထိုးဆွလိုက်နိုင်တယ် တော်တော်ကိုပဲ

ကျွန်တော်တစ်သက်မှာ Jungwoo ကြောင့်ဝင့်ကြွားခဲ့ရသမျှ ဂုဏ်ယူခဲ့ရသမျှက
ကျွန်တော်ရော Jungwoo ရောမဟုတ်တဲ့ ၊ ကျွန်တော်တို့နှစ်ယောက်ရဲ့အခြေအနေတွေကိုဘေးကနေခန့်မှန်းနေတဲ့လူတစ်ယောက်ရဲ့အမေးမှာ အပြတ်ပြတ်ကိုထွက်ရောပဲ

Fool's Paradise Where stories live. Discover now