28 - The pernicious disease to my heart

204 33 0
                                    

Unicode (zaqgyi below)

Jungwoo's POV

12 Nov 2018

ကျောင်းရှေ့မှာ ကျွန်တော်ရပ်နေရတာ သိပ်ပြီးလိပ်ပြာမသန့်ဘူး
ဘာလို့လဲဆိုတော့ကျွန်တော်က ကျောင်းသားတစ်ယောက်ဖြစ်လျက်နဲ့ ကျောင်းနဲ့မသက်ဆိုင်တော့တဲ့လူတစ်ယောက်ဖြစ်နေလို့ပဲ

ဒီကျောင်း ဒီမြေကနေကျွန်တော်ကတရားဝင်ထွက်လာခဲ့တာမဟုတ်လို့ ကျွန်တော်လိပ်ပြာမလုံဘူး ဆိုလိုချင်တာက အထက်တန်းစာမေးပွဲကိုအောင်မြင်ပြီးတရားဝင်ကျောင်းနဲ့မသက်ဆိုင်တော့တာမဟုတ်လို့။

ကျွန်တော် Lucas ကိုတွေ့ချင်လို့သာရောက်လာခဲ့ရတယ် ကျွန်တော့်မှာကျောင်းနဲ့ပတ်သက်ပြီးကောင်းလွန်းတဲ့ခံစားချက်တွေရှိမနေခဲ့ပါ....

ကျောင်းဆင်းတော့ စက်ဘီးတန်းလျားကိုရောက်လာတဲ့ Lucas ကိုကျွန်တော်တွေ့လိုက်ရတယ် ဒေါက်ချထားတဲ့စက်ဘီးကိုတက်စီးပြီး ကျောင်းဝင်းထဲကထွက်လာတဲ့ Lucas မှာအရှိန်ရှိနေတယ်

ကျွန်တော်သူ့ကိုရပ်တန့်လိုက်ဖို့အဆင်ရောပြေပါ့မလား

ကျွန်တော့်အရှေ့ကနေဖြတ်သွားတဲ့ သူ့ကို

"Lucas!!!"

ကျွန်တော်အော်ခေါ်လိုက်တယ်

တော်သေးတယ် သူကချက်ချင်းစက်ဘီးကိုရပ်လိုက်နိုင်တယ် ဒါပေမဲ့ကျွန်တော့်ကိုတော့နည်းနည်းကျော်သွားပြီ

Lucas ကနောက်ပြန်လှည့်ကြည့်တော့ ကျွန်တော့်ကိုတွေ့လိုက်ရတဲ့အခါအရမ်းအံ့ဩသွားတယ်
ဒီနေ့သူတစ်ယောက်တည်းကျောင်းဆင်းလာတာကိုကျွန်တော်သိပ်ဝမ်းသာနေမိတယ် သူအခုထက်ထိနောက်တစ်ယောက်မတွဲသေးတာကိုကျွန်တော်သိလိုက်ရလို့ဖြစ်တယ်

"Jungwoo"

သူကအံ့ဩသွားတဲ့အမူအရာတွေနဲ့ကျွန်တော့်ကိုခေါ်လာပြီး ကျွန်တော့်ကိုသေချာစိုက်ကြည့်နေတယ်

ကျွန်တော့်ကိုမြင်လိုက်ရလို့ဖြစ်သွားတဲ့သူ့ရဲ့မျက်နှာအမူအရာကိုကျွန်တော်နှစ်သက်နေမိတယ် ဒီလောက်အချိန်ကြာကြာမတွေ့ရတဲ့ကျွန်တော့်ကိုပြန်မြင်ချင်မှာ အံ့ဩဝမ်းသာမှုတွေသူ့ဆီကိုရောက်လာတာကိုကျွန်တော်ပျော်နေမိတယ်

Fool's Paradise Where stories live. Discover now